DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၆၉ ဦး အတည်ပြု
DVB
·
August 6, 2018
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၆၉ ဦး အတည်ပြု
Donate to DVB

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး ကို အတည်ပြုလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံက စုံစမ်းသိရပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ပါတီ ၂၄ ပါတီ၊ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းသွင်းထားပါတယ်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ပါတယ်။ ၆၁ ဦးက ပါတီတွေကပါ။ လက်ရှိမှတ်ပုံတင်ထားတဲ့ ပါတီတွေထဲက လုံးဝဝင်မပြိုင်တဲ့ ပါတီ ၁ ပါတီရှိပါတယ်။ အမည်စာရင်း တင်သွင်းထားသူတွေကို တဦးမှ မပယ်ရပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကော်မရှင်က ဒီနေ့ သြဂုတ်လ ၆ ရက်မှာ ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဇူလိုင် ၂ ရက်ကနေ ဇူလိုင် ၁၁ ရက်အတွင်း တင်သွင်းဖို့ ကော်မရှင်က ကြေညာခဲ့ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေကို ဇူလိုင် ၁၆ ရက်ကနေ ၂၆ ရက်အထိ စိစစ်ခဲ့ပါတယ်။

၂၀၁၈ နိုဝင်ဘာလ ၃ ရက်မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို သမ္မတ ဦးဝင်းမြင့်ရဲ့ တာမွေမြို့နယ် မဲဆန္ဒနယ် အပါအဝင် လစ်လပ် ၁၃ နေရာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရလက်ထက်မှာ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် ပထမအကြိမ်ကျင်းပခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီနဲ့ တသီးပုဂ္ဂလ အပါအဝင် စုစုပေါင်း ၉၅ ဦး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013