DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် နင်းမိုင်းပေါက်ကွဲ၍ ရွာသား ၃ဦးဒဏ်ရာရ၊ မူဆယ်တွင် ရီမုမိုင်းတွေ့ရှိ
DVB
·
August 6, 2018
ကချင်ပြည်နယ်တွင် နင်းမိုင်းပေါက်ကွဲ၍ ရွာသား ၃ဦးဒဏ်ရာရ၊ မူဆယ်တွင် ရီမုမိုင်းတွေ့ရှိ
Donate to DVB

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ ဂရိတ်ဝေါကုန်း ဝန်းကျင်ရှိ နမ့်ပတဲ-နမ့်မတီးကျေးရွာလမ်း ကျူတောအစပ်မှာ နင်းမိုင်း နင်းမိပေါက်ကွဲမှုကြောင့် ဒေသခံ ရွာသား ၃ဦး မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

သြဂုတ် ၂ ရက်က ဟိုပင်မြို့နယ် လွယ်မွန်းကျေးရွာနေ ဒေသခံသုံးဦးဟာ နမ့်မတီးကျေးရွာသို့ မော်တော်ဆိုင်ကယ်နှစ်စီးနဲ့  သွားရောက်စဉ် မော်တော်ဆိုင်ကယ်တစ်စီးက မိုင်းနင်းမိပေါက်ကွဲ ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့  ဒေါ်သိန်းစိန်၊ သား ဖြစ်သူ ဉာဏ်မျိုးအောင်နဲ့  မြေးဖြစ်သူ ဝေဖြိုးကျော်တို့ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

အလားတူ သြဂုတ် ၅ ရက်ကလည်း  ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ မူဆယ်-နမ့်ခမ်း ကားလမ်းမအနီးမှာ ထောင်ထားထဲ့ ဒေသန္တရလုပ်ရီမု မိုင်းတစ်လုံး တွေ့ရှိပြီး သက်မဲ့ပြုလုပ်နိုင်ခဲ့ ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူဆယ်-နမ့်ခမ်း ကားလမ်းမကြီးရဲ့ အနောက်မြောက်ဘက် မီတာ ၅ဝ ခန့်အကွာရှိ ကမ်းပါးယံစောင်းမှာ ထောင်ထားတဲ့ အချင်း ၄ လက်မ၊ အလျား ၆ လက်မခန့်ရှိ သံပိုက်အတွင်း TNT ယမ်းပျော့တွေ ထည့်ထားတဲ့ ဒေသန္တရလုပ်ရီမုမိုင်း တစ်လုံး၊ ဒီတိုနေတာတစ်ခု၊ ဆားကစ်ပြားတစ်ခုနဲ့ ဓာတ်ခဲထည့်ထားတဲ့ ဓာတ်ခဲအိမ်နှစ်ခုတို့ကို ဝါယာကြိုးနဲ့  တွဲလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013