DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
DVB
·
July 25, 2012
တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
1 / 3
Donate to DVB

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့မှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားလူမျိုးများရဲ့​ အခွင့်​အရေးနဲ့​ ပတ်သက်ပြီးတော့ ​၀င်ရောက်​ ဆွေးနွေးတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကွတ်ခိုင်မြို့နယ် လွှတ်တော်အမတ် ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်​အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်ပြီး ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားလူမျိုး ဆိုတဲ့ ဝေါဟာရ သတ်သတ်မှတ်မှတ် မရှိတာကို ထောက်ပြထားပြီး ပြည်နယ်တွေရဲ့ ဆင်းရဲမွဲတေတာနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးသွား ပါတယ်။

“ကျမတို့ နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေ ဟာ ပြည်နယ်ဒေသတွေ ဖြစ် ပါတယ်။ ချင်းပြည်နယ်ဆိုရင် အခုနောက်ဆုံး အာရှဖွံ့ဖြိုးရေးရဲ့ ကိန်းဂဏန်းအရ ၇၃.၃ ရာခိုင်နှုန်း၊ ရှမ်းအရှေ့ဆိုရင် ၄၆.၄ ရာခိုင်နှုန်း၊ ရှမ်းမြောက်ဆိုရင် ၃၇.၄ ရာခိုင်နှုန်း၊ ရှမ်းတောင်ဆိုရင် ၂၅.၂ ရာခိုင်နှုန်း၊ ပျမ်းမျှအားဖြင့် ရှမ်းပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၃၇.၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းက ၄၃.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တနိုင်ငံလုံးရဲ့ ဆင်းရဲမွဲတေမှုနှုန်း ၂၅.၆ ရာခိုင်နှုန်း ဖြစ်တာကြောင့် ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု နှုန်းထက် မြင့်နေတာ ကို တွေ့ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလည်း ၂၈.၆ ရာခိုင်နှုန်းဟာ ပျမ်းမျှခြင်း ရာခှိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်ပြည်နယ်၊ ကယားနဲ့ ကရင်ပြည်နယ်ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်း အားဖြင့် ကျမတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်စရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ သိုပေမယ့် ကျမတို့ နိုင်ငံဟာ ပြည်တွင်းစစ်မီး လုံးဝ ငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ဆိုတာက ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာကျယ်ပြန့် နက်နဲတယ်ဆိုတာကို ကျမတို့ ပြောနိုင်ပါတယ်။ ဒါကို မှတ်သားပြီး ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာထားလို့မရတဲ့ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစား ယုံကြည်ရေးတို့ကို အခြေခံပြီး စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး လိုအပ်သလို ပြဋ္ဌာန်းခြင်းတို့ ဆောင်ရွက်ဖို့ရာကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ တင်ပြတဲ့အဆိုကို ကျမအနေနဲ့ ထောက်ခံပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းစစ် မပြီးဆုံးသေးတာကိုလည်း ဝေဖန်ထောက်ပြပါတယ်။ ဒါအပြင် အခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပာယ် ဖော်ထားတာ မရှိပါဘူးလို့လည်း ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး ပြောဆိုသွားပါတယ်။

“အခု ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်း တိုင်းရင်းသားလူမျိုးများဆိုတဲ့ ဝေါဟာရ သတ်သတ်မှတ်မှတ် အဓိပ္ပာယ်ဖွင့်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာဆိုရင် တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်ကစပြီး မိခင်နိုင်ငံမှာ မှီတင်းနေထိုင်ခဲ့တဲ့ လူမျိုးများကို ဆိုလိုတာလို့ အဓိပ္ပာယ်ဖော်ထားပါတယ်။ အဲဒီထဲမှာ ဗမာတွေလည်းပါတယ်။ အခုဆွေးနွေးချက်တွေအရဆိုရင် ပြည်နယ်တွေကိုအခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောကြတယ်လို့ ကျမတို့ မှတ်ယူရပါတယ်။”

ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူ့လွှတ်တော်မှာ ပထမဦးဆုံး အကြိမ် ပါဝင်ဆွေးနွေးတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013