DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများ ပြခန်း (ဓာတ်ပုံ)
DVB
·
August 6, 2018
စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများ ပြခန်း (ဓာတ်ပုံ)
1 / 13
Donate to DVB

ရန်ကုန်တက္ကသိုလ်မှာ ကျင်းပနေတဲ့ ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးကော်မတီရဲ့ ပြခန်းမှာ စစ်အာဏာရှင် အဆက်ဆက်ကို တော်လှန်ခဲ့ကြတဲ့ ရဟန်းပြည်သူ ကျောင်းသားတွေ အကျဉ်းထောင်ထဲရောက်ရှိခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နေထိုင်မှုပုံစံတွေ၊ ထောင် စစ်ကြောရေးစခန်းတွေမှာ ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မှတ်တမ်းပုံရိပ်တွေ၊ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်မှုပုံစံတွေကို ပြသထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဥ်းသားတွေရဲ့ အကျဉ်းထောင်တွင်း ဖြတ်သန်းမှုပုံရိပ်တွေ၊ သူတို့ဖန်တီးထားတဲ့ အနုပညာ ပစ္စည်းတွေကိုလည်း ပြသထားသလို ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၁၅ ကျောင်းသားသပိတ် မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ အင်းစိန်အကျဉ်း ထောင်ပုံစံငယ်ကိုလည်း ပြသထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013