
မြ၀တီမြို့က အင်ပါယာရွှေဆိုင်ကို ဓားပြတိုက်ရာမှာ ပါဝင်တယ်လို့ ယူဆရသူ အသက် ၂၈ နှစ်အရွယ် ကိုလင်းကို ထိုင်းရဲအဖွဲ့က မြ၀တီ ရဲဌာနဗိုလ်မှူး မျိုးဇော်နဲ့ ရဲမှူး ဗိုလ်ကြီးအောင်ငွေတို့ လက်ထဲ ဒီနေ့ မဲဆောက်မြ၀တီ ချစ်ကြည်ရေးတံတားမှာ လွှဲပြောင်းပေးခဲ့ပါတယ်။
[caption id="attachment_28375" align="alignleft" width="254" caption="သံသယရှိသူ ကိုလင်းကို ထိုင်းရဲတပ်ဖွဲ့မှ မြ၀တီရဲတပ်ဖွဲ့ကို လွှဲအပ်နေစဉ်"]
[/caption]
ကိုလင်းကို ဘန်ကောက်မြို့နားက သလာထိုင်းလို့ ခေါ်တဲ့ ဈေးကြီးမှာ ဇူလိုင် ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရဲအဖွဲ့ တာဝန်ရှိသူပြောတာကတော့ အနည်းဆုံး ၂ ဦး လွတ်မြောက်နေသေးတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က မြ၀တီမြို့ရဲ့ လူစည်ကားရာ ဘုရင်နောင့်ဈေးကြီးက အင်ပါယာရွှေဆိုင်ကို လူ ၃ ဦးက အေကေ သေနတ်တွေ ကိုင်ဆောင်ပြီး နေ့လယ်ဘက်မှာ ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နဲ့အတူ ရွှေထည်ပစ္စည်း ၂ ပိဿာခွဲလောက် ပါသွားခဲ့ပါတယ်။
ရဲမှူးဗိုလ်ကြီးအောင်ငွေက ထိုင်းရဲဆီက ရသမျှအချက်အလက်တွေကို ယူပြီး လွတ်မြောက်နေတဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။











