DVB Logo
Home
မြန်မာသတင်း
မန္တလေး တံတားဦးလေဆိပ်အတွက် သိမ်းဆည်းပိုလျှံမြေများ ဒုတိယအကြိမ် ပြန်ပေးအပ်
DVB
·
August 6, 2018
မန္တလေး တံတားဦးလေဆိပ်အတွက် သိမ်းဆည်းပိုလျှံမြေများ ဒုတိယအကြိမ် ပြန်ပေးအပ်
1 / 4
Donate to DVB

မန္တလေးမြို့၊ တံတားဦးမြို့နယ်အတွင်း  လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဋ္ဌာန မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်က သိမ်းဆည်းပြီး ပိုလျှံမြေများအနက် ဧက ၃၀၀၀ ကျော်ကို သြဂုတ် ၅ ရက်က ဒုတိယအကြိမ် ပြန်လည်ပေးအပ်ခဲ့ပါတယ်​။

သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးနေတယ်လို့ သိမ်းဆည်းမြေတွေ ပြန်လည်ပေးအပ်တဲ့ အခမ်းအနားမှာ  ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

“လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေနဲ့ ဝန်ကြီးဌာနတွေက စီမံကိန်းအလို့ငှာ ရယူထားတဲ့ မြေတွေအပေါ်မှာ စီမံကိန်းအတိုင်း အကောင်အထည်ဖော်မှုမရှိတဲ့ မြေတွေကို မူလတောင်သူတွေ လက်ထဲကို ပြန်လည် စွန့်လွှတ် လွှဲပြောင်းနိုင်ဖို့နဲ့ စီမံကိန်းအတိုင်း ဆက်လက်အသုံးပြုမယ်ဆိုပါက လျော်ကြေးငွေ ပေးဆောင်တာ၊ မြေအစားပေးတာတွေ မရှိခဲ့သေးဘူးဆိုလျှင် လျော်ကြေးငွေ၊ နစ်နာကြေးငွေ ပေးကြဖို့ သက်ဆိုင်ရာ မြေရယူထားတဲ့ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်”လို့ ဒုသမ္မတက ​ပြောပါတယ်​။

မူလ​တောင်​သူ​တွေကို ပြန်​လည်​ပေးအပ်ရာမှာ တံတားဦးမြို့နယ် ပန်းယျကျေးရွာအုပ်စု တောင်သူ ၃၀၇ ဦးအတွက် ​ ၁၁၈၁ဒသမ၅၃ ဧက၊ သူငယ်တော်ကျေးရွာအုပ်စု တောင်သူ ၄၂၄ ဦးအတွက် ၁၀၅၆ဒသမ ၆၆ဧက၊ ဇီးချောင်းကျေးရွာအုပ်စုမှ တောင်သူ ၂၈၇ဦးအတွက် ၅၅၉ ဒသမ ၁၈ ဧက၊ စကားအင်းကျေးရွာအုပ်စုမှ တောင်သူ ၆၉ ဦးအတွက် ၂၂၂ ဒသမ ၄၄ ဧကကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။

မန္တလေးအပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းအတွက် သိမ်းဆည်းခဲ့​တဲ့ မြေ​ဧက​တွေကို ပိုလျှံမြေတွေအနက် ၉၀၅၅ ဧကကို ၂၀၁၄ ခုနှစ် အရင် အစိုးရလက်ထက်က ပြန်လည်ပေးခဲ့ပြီးလည်း ဖြစ်​ပါတယ်​။

လေယာဉ်ကွင်း စီမံကိန်းတည်ဆောက်ဖို့  ၁၉၉၃ခုနှစ်မှာ တံတားဦးမြို့နယ်အတွင်းရှိ သဲမောင်းကန်၊ ကန်ချော သားများဘ၊ ဝံပတေ့၊ ပလ္လင်တောင်၊ ရွှေပေါ်ကျွန်း၊ အေးကြည်ကုန်း၊ ဘုရားကြီးကုန်း၊ ဇီးချောင်း၊ ငါးဇင်ရိုင်း၊ ပန်းယျ၊ စကားအင်း၊ အိမ်နိမ့်စံကျေးရွာများမှ လယ်ယာမြေတွေကို သိမ်းယူခဲ့တဲ့​မြေ​ဧက​ပေါင်း ၂၃၀၀ ကျော်​ကို သိမ်းဆည်းထားခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013