DVB Logo
Home
အာရှဒေသ
သမ္မတနေရာ အတွက် ကိုရီးယားက သံမဏိ အမျိုးသမီး
DVB
·
July 25, 2012
သမ္မတနေရာ အတွက် ကိုရီးယားက သံမဏိ အမျိုးသမီး
Donate to DVB

လာမယ့် ဒီဇင်ဘာ တောင်ကိုးရီးယား ရွေးကောက်ပွဲမှာတော့ တိုင်းပြည်ရဲ့ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာဖို့ ပတ်ခ် ဂွန်ဟေးက ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည် အတွက် ရှေ့ကို သွားမယ့်ခြေလှမ်းလား နောက်ပြန်ဆုတ်မလား ဆိုတဲ့ မေးခွန်းလည်း မေး စရာ ဖြစ်လာပါတယ်။ သူက စစ်အာဏာရှင်ဟောင်း ပတ်ခ်ချန်ဟီးရဲ့ သမီးလည်း ဖြစ်ပါတယ်။ ပတ်ခ်ချန်ဟီးကို အများစုက ကိုရီးယားစီးပွားရေး တိုးတက်တာကို စတင်ပေးခဲ့တဲ့သူအဖြစ် အသိအမှတ် ပြုသလို တဖက်မှာ သူက အရပ်သား အခွင့်အရေးနဲ့ ဒီမိုကရေစီ လွတ်လပ်မှုကို နှိမ်နင်းတဲ့သူလည်း ဖြစ်နေပါတယ်။

ရှေ့လ ပါတီမှာ သမ္မတ အမတ်လောင်းအဖြစ် အရွေးချယ်ခံရဖို့ ပတ်ခ်က အလားအလာ ရှိနေပြီးတော့ စစ်တမ်းတွေအရ သမ္မတ အမတ်လောင်းတွေထဲမှာလည်း သူက ဦးဆောင် နေပါတယ်။

ဒါပေမယ့်လည်း ပတ်ခ်အနေနဲ့ အထူးသဖြင့် အမျိုးသမီးမဲဆန္ဒရှင်တွေနဲ့ ပတ်သက်ရင်တော့ အခက်အခဲ တချို့ရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဂျေဆင် စထော့သာ (Jason Strother)က ဆိုလ်းကနေ သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013