DVB Logo
Home
မြန်မာသတင်း
ယာဉ် ၄ စီး ဆင့်တိုက်မိ၍ ၁ စီး စားသောက်ဆိုင်ထဲရောက်ရှိ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ
DVB
·
August 5, 2018
ယာဉ် ၄ စီး ဆင့်တိုက်မိ၍ ၁ စီး စားသောက်ဆိုင်ထဲရောက်ရှိ၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ
1 / 4
Donate to DVB

ပဲခူးတိုင်း ရွှေတောင်မြို့နယ်ထဲမှာ ဒီနေ့ နေ့လယ်က ၁ နာရီကျော်လောက်က ကား ၄ ဆင့် တိုက်မိတဲ့အတွက် အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး ကားတစီးက စားသောက်ဆိုင်ထဲကို ရောက်ရှိသွားပါတယ်။

ပြည်မြို့ဘက်ကထွက်လာတဲ့ ဒိုင်နာကားတစီးနဲ့ မျက်နှာချင်းဆိုင် ရွှေတောင်မြို့နယ် ဘက်က မောင်းနှင်လာတဲ့ ၆ ဘီးကားတစီးစတင်တိုက်မိပြီး ဒိုင်နာကားက ရွှေတောင်မြို့နယ် ဘက်က ဆက်တိုက်မောင်းနှင်လာတဲ့ ကား ၃ စီးကို ဆင့်ကဲတိုက်မိကာ လမ်းဘေးကို ထိုးကျသွားပြီး သူနဲ့စတိုက်တဲ့ ၆ ဘီးကားကြီးကတော့ တင်လာတဲ့ကုန်အပြည့်အစုံနဲ့ တဖက်လမ်းဘေးက ဗန်ဒါရိပ် စားသောက်ဆိုင်ထဲကို ဝင်ရောက်သွားခဲ့တာပါ။

မျက်မြင်တွေ့ရှိသူ ကိုအောင်လေးက “ဇူးကားကြီးက ဆန်အိပ်တွေ အက်စစ်ပုံးတွေ အပြည့်တင်လာပြီး အရှိန်ပြင်းလာတဲ့ အချိန်မှာ ကားအောက်ပိုင်းက စက်ချို့ယွင်းမှုကြောင့် တဖက်ကလာတဲ့ ဒိုင်နာကို တိုက်မိတယ်ထင်တယ်။ အဲဒီလိုတိုက်မိပြီး ဒိုင်နာက ဇူးကားကြီး နောက်ကပါလာတဲ့ (ရွှေတောင်မြို့ဘက်ကလာတဲ့)အဲဒီနောက်က ပါလာတဲ့ 6N 1085 ERTIGA ကား အဖြူလေးရယ်၊ အဲနောက်က ပါလာတဲ့ ၁၀ ဘီးဟီးနိုးကားကြီးရယ်ကို ဆက်တိုက်မိတာ ဖြစ်တယ်။ နောက်ပြီးလမ်းဘေးကပ်ပြီး စက်ဘီးစီးလာတဲ့ မိန်းကလေး တယောက်ကို ပါထိခိုက်မိသွားပြီး ခြေထောက်ကျိုးသွားလို့ ပရဟိတအဖွဲ့တွေက လာခေါ် သွားပြီ”လို့ ပြောပါတယ်။

ဖြစ်ပွားတဲ့နေရာက ရွှေတောင်မြို့ကနေ ပြည်မြို့ဘက်အထွက် ခလရ ၁၄ တပ်ရှေ့ မိုင်တိုင် ၁၇၃/၂ ပုတ္တန်းကျေးရွာမှာဖြစ်ပွားခဲ့ပြီး ကား ၃ စီးက တာဝန်ရှိသူတွေကိုတော့ ရွှေတောင်မြို့မရဲစခန်းက စစ်ဆေးဖို့ခေါ်ယူသွားပြီး ၆ ဘီးကားကြီးကတော့ စားသောက်ဆိုင်ထဲမှာ ကုန်အပြည့်နဲ့ ကျန်ရှိနေပါတယ်။

သတင်း - မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013