DVB Logo
Home
မြန်မာသတင်း
ကျောင်းဆောက်လုပ်မှု ရပ်တန့်သွား၍ ကလေးငယ်များ စာသင်ကြာရေး အခက်အခဲတွေ့
DVB
·
August 5, 2018
ကျောင်းဆောက်လုပ်မှု ရပ်တန့်သွား၍ ကလေးငယ်များ စာသင်ကြာရေး အခက်အခဲတွေ့
1 / 4
Donate to DVB

ပညာရေးဌာနရဲ့ စာသင်ကျောင်းဆောင် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ အဆင်မပြေတဲ့ အတွက် ကျောင်းဆောက်လုပ်မှု ရပ်နားထားရတာကြောင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ် သိုက်တူးကုန်း မူလတန်းလွန် စာသင်ကျောင်းမှာ ကလေးငယ်တွေ စာသင်ကြားမှု အခက်အခဲဖြစ်နေရပါတယ်။

“၂၀၁၇/၁၈ ဘက်ဂျက်ကျတာကို ဆောက်လုပ်ရေးကုမ္ပဏီက အခုနှစ် မေလ ၁၅ ရက်နေ့မှ လာဆောက်ပါတယ်။ အမှန်က ဧပြီလ မတိုင်ခင်ထဲက ပြီးရမယ့် အဆောက်အဦပါ။ လာဆောက်တဲ့အခါမှာလည်း အဆောက်အဦမှာသုံးတဲ့ပစ္စည်းတွေ အုတ်ကအစ လက်နဲ့ချေလို့ရတယ်။ ဖောင်ဒေးရှင်းကလည်း သတ်မှတ်ထားတဲ့ အရည်အသွေးအတိုင်း ဘိလပ်မြေ၊ အုတ်အပြည့်မသုံးပေးဘူး။ ဒါကြောင့် အရည်အသွေး မပြည့်လို့ ကျမတို့ ဖွဲ့စည်းထားတဲ့ ကျောင်းကော်မတီက ကန့်ကွက်ခဲ့တာပါ” လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခိုင်က ပြောပါတယ်။

သိုက်တူးကုန်းကျောင်းက ၁၉၈၆ ခုနှစ်ကတည်းက ကျောင်းစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောင်နဲ့ စတင်ဖွင့်လှစ်ခဲ့တာပါ။

“ပဲခူးတိုင်း ပညာရေးအထိလည်း ဒီကျောင်းရဲ့ ပြဿနာကို ကျနော်တို့ အစစ်အဆေး သွားခံခဲ့တယ်။ ဒါပေမယ့် ကျောင်းက မိုးအမှီမပြီးတာပဲ အဖတ်တင်တယ်။ စဆောက်တုန်းက နွေရာသီဆိုတော့ ကျောင်းထဲက ညောင်ပင်ကြီးအောက် သင်ကြားရတယ်။ အခုလို မထင်မှတ်ထားတဲ့ မိုးများရေကြီးချိန်ကြောင့် ကျနော်တို့ ဆောက်ထားတဲ့ မိုးကာအမိုး ဝါးကြမ်းခင်း ယာယီကျောင်းနဲ့က ဘယ်လိုမှ အဆင်မပြေလို့ ရေပြန်ကျရင်တောင် ကျောင်းဖွင့်ဖို့ အခက်အခဲဖြစ်နေပါတယ်” လို့ ကျောင်းကော်မတီဝင် ဦးစိန်ဝင်းက ပြောပါတယ်။

သိုက်တူးကုန်း မူလွန်ကျောင်းကို ရွှေဝါအောင် ဆောက်လုပ်ရေး ကုမ္ပဏီက ကျောင်းဆောင် ပေ ၃၀ × ၁၀၀ ဘက်ဂျက်ဆောက်လုပ်ခွင့် ပြုထားတာဖြစ်ပါတယ်။ ကျောင်းဆောက်လုပ်မှု ရပ်နားထားမှုအခြေနေနဲ့ ပတ်သက်ပြီး ကုမ္ပဏီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရပါဘူး။

ဒီကျောင်းမှာ တက်နေကြတဲ့ ကျောင်းသား/ သူ ၇၃ ယောက်ရှိပြီး kg တန်းမှ ၇ တန်းအထိ ပညာသင်ကြားနေကြရပါတယ်။

သတင်း - ဗိုလ်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013