DVB Logo
Home
မြန်မာသတင်း
ပခုက္ကူခရိုင်တွင် မြစ်ရေကြီးလာပါက ကူညီနိုင်ရေး ကြိုတင်ပြင်ဆင်
DVB
·
August 5, 2018
ပခုက္ကူခရိုင်တွင် မြစ်ရေကြီးလာပါက ကူညီနိုင်ရေး ကြိုတင်ပြင်ဆင်
Donate to DVB

မကွေးတိုင်း ပခုက္ကူခရိုင်မှာ ဧရာဝတီမြစ်ရေကြီးမှုတွေနဲ့ ကြုံလာရင် အဆင်သင့် ကူညီနိုင်ဖို့  သက်ဆိုင်ရာဌာတာဝန်ရှိသူတွေ ပြင်ဆင်နေပါတယ်။

ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်လာခဲ့ရင် အဆင်သင့်ဖြစ်စေဖို့ ယာယီစခန်း ဆောက်လုပ်တဲ့ မိုးကာတဲတွေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို သတ်မှတ်နေရာတွေဆီ ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲရေး ဦးစီးဌာနက သြဂုတ် ၄ ရက်နေ့ကတည်းက  ပေးပို့ ပြင်ဆင်နေပါတယ်။

ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းက “ကျနော်တို့ ဒီနေ့ပြင်ဆင်တာကတော့ ရေစကြိုမြို့နယ်အတွက် ယာယီရေဘေးရှောင်စခန်း တည်ဆောက်နိုင်ရန်အတွက် ရေစကြိုမြို့နယ်ကို လူမှုကူညီရေးအသင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ပို့ဆောင်ထားခြင်းဖြစ်ပါတယ်။ ဒါမှသာ ရေးဘေး ရုတ်တရက်မြင့်လာပြီဆိုရင် ချက်ခြင်း ရေဘေးရှောင်စခန်းကို တည်ဆောက်နိုင်မှာ ဖြစ်လို့ ခုလိုကြိုတင်စီမံဆောင်ရွက်ရတာ” လို့ ပြောပါတယ်။

ပခုက္ကူမြို့ ကမ်းနားရေဝင်လေ့ရှိတဲ့ နေရာတွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားပါတယ်။ လောလောဆယ်တော့ မြစ်ရေမကြီးသေးတာကြောင့်  နေအိမ်တွေမှာဘဲ ဆက်လက်နေထိုင်ပါတယ်။

ကမ်းနားမှာ နေထိုင်သူတဦးက “ဒီနှစ်ရေကကျတော့ ပထမရေက မှေးမှေးလေးတက်ပြီး ပြန်ကျသွားတာကိုး၊ ဝါနှစ်ဝါထပ်တော့ ခါတိုင်းလိုဆို ခုရေက ဝါခေါင်ဖြစ်ရမယ်ပေါ့၊ ပြန်ကျမှာပဲ ဆိုပြီးမရွှေ့ဖြစ်သေးတာ။ မိုးဇလပြောတာလည်း ကြားတော့ ကြားပါတယ်။ သယ်ရရွှေ့ရတာ ဒုက္ခများလို့ မရွှေ့သေးတာပါ။ ပြန်ရွှေ့ရရင်လည်း ဒုက္ခများတာပဲ၊ လူ့ခါးလောက် ရောက်လာရင်တော့ ရွှေ့ရမှာပေါ့” လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေကြီးလာရင် ပြင်ဆင်တဲ့အနေနဲ့ ပခုက္ကူမြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၂ ခု၊ ရေစကြိုမြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၃ ခုတည်ဆောက်သွားမှာပါ။  

ပခုက္ကူမြို့မှာ ဧရာဝတီမြစ်ရေဟာ  သြဂုတ် ၄ ရက်နေ့နဲ့ ၅ ရက်နေ့ တိုင်းတာချက်အရ ၂၄ နာရီအတွင်း ရေမျက်ပြင်ပြောင်းလဲမှုက ၂၁ စင်တီမီတာရှိပြီး အတက်ဘက်ကို ပြောင်းလဲနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုမြင့်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013