DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် လက်ခုပ်တီးလူမှားခေါ်ရာမှာ ဓားထိုးမှုဖြစ်၊ ၁ ဦးသေဆုံး
DVB
·
August 5, 2018
မိတ္ထီလာတွင် လက်ခုပ်တီးလူမှားခေါ်ရာမှာ ဓားထိုးမှုဖြစ်၊ ၁ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြောက်ဘက် ကန်ပတ်လမ်း ဓမ္မသုခရွှေစည်းခုံဘုရား အနီးမှာ လူငယ်တွေ လက်ခုပ်တီး လူမှားခေါ်မိရာက ‎ခိုက်ရန်ဖြစ်ပွား ဓားထိုးမှုဖြစ်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မိတ္ထီလာအမှတ်၂ ရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၃ရက် ည ၁ဝ နာရီလောက်က မိတ္ထီလာမြို့နယ် လျှော်ဖြူကန်ရွာက အသက် ၁၈ နှစ်အရွယ် ဇော်ဝင်းနိုင်၊ သီဟဇော်၊ သူရကိုကို၊ ကျော်မင်းထက်၊ ကျော်ကျော်မင်းဦးနဲ့ ကိုပိုင်တို့ ၆ ဦး မိတ္ထီလာမြောက်ဘက်ကန် ကန်ပတ်လမ်းမှာ ထိုင်စကားပြောနေတာပါ။

အဲဒီထဲက ကိုပိုင်က လမ်းလျှောက်လာတဲ့ မိတ္ထီလာမြိုနေ ထက်လင်းထွေး၊ အောင်ကျော်ထူး၊ ယောမင်းဦးနဲ့ အောင်ခန့်မော်တို့ကို လူမှားပြီး လက်ခုပ်တီးခေါ်ရာကနေ ဓားထိုးမှုဖြစ်ခဲ့တာလို့  မိတ္ထီလာအမှတ်၂ ရဲစခန်းရဲအရာရှိက ပြောပါတယ်။

"အခင်းဖြစ်တာက သြဂုတ် ၃ ရက်နေ့ညကပါ။ ပြစ်မှုကျုးလွန်သူ ၄ ဦးကို သြဂုတ် ၄ ရက် မနက်မှာပဲ ဖမ်းမိပါတယ်။ သူရကိုကိုမှာ နှာခေါင်းသွေးထွက်ဒဏ်ရာရတယ်၊ သီဟဇော် ဘယ်ဘက်ပုခုံး ပြတ်ရှ ဒဏ်ရာ ၁ ချက်ရတယ်။ ဇော်ဝင်းနိုင်ကတော့ ဘယ်ဘက်ရင်ဘတ် ထိုးသွင်းဒဏ်ရာရခဲ့ပြီး မိတ္ထီလာဆေးရုံမှာ သေဆုံးသွားတယ် "လို့ ဒီဗွီဘီကိုပြောပါတယ်။

မိတ္ထီလာဒေသခံ ဦးငြိမ်းက "မိတ္ထီလာ ကန်ပတ်လမ်းနဲ့ ကန်ဘောင်တွေမှာ ရဲနဲ့ ရပ်ရွာလူကြီးတွေ ပူးပေါင်းပြီး လုံခြုံရေး လုပ်သင့်တယ်။ တစုံတရာ အမှားလုပ်ချင်ရင်တောင် လုံခြုံရေးအဖွဲ့ကို မြင်တော့ မလုပ်ဖြစ်တော့ဘူးပေါ့" လို့ ပြောပါတယ်။

အောင်ခန့်မော်၊ ယောမင်းဦး၊ ထက်လင်းထွေးနဲ့ အောင်ကျော်ထူးတိုကို မိတ္ထီလာအမှတ်၂ ရဲစခန်းမှာ အမှုအမှတ် (ပ)၂၆၉/၂ဝ၁၈ နဲ့ လူသတ်မှု၊ ချွန်ထက်ပြတ်ရှ ပြင်းထန်ဒဏ်ရာရမှု၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/၃၂၆/၁၁၄ အရ အမှုဖွင့်ဖမ်းဆီးထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013