Home
မြန်မာသတင်း
ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့်အကြို စာပေဟောပြောပွဲ ပြည်မြို့တွင် ကျင်းပ
မင်းညို
·
August 5, 2018
38624592_674958396192958_3529721569733509120_n
38501182_674957829526348_7560158020336877568_n
38435573_674957886193009_6894234984748417024_n
38433491_674958192859645_8946083974652887040_n
ရှစ်လေးလုံး အရေးတော်ပုံ နှစ် ၃ဝ ပြည့်အကြို အထိမ်းအမှတ်အခမ်းအနားနဲ့ စာပေဟောပြောပွဲတခုကို ပြည်မြို့က တက္ကသိုလ်၊ ကောလိပ် ၄ ခုမှ ကျောင်းသားတွေက စုပေါင်းပြုလုပ်ခဲ့ပါတယ်။ ပဲခူးတိုင်း ပြည်မြို့က ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပညာရေးကောလိပ် စတဲ့ကျောင်း ၄ ကျောင်း ပူးပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် အကြို အခမ်းအနားတခုနဲ့ စာပေဟောပြောပွဲတခုကို သြဂုတ် ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြတာပါ။ ဒီအခမ်းအနားလုပ်ရတာနဲ့ ပတ်သက်ပြီး ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုထက်အောင်က “တတိုင်းပြည်လုံး အဖိနှိပ်ခံဘဝရောက်နေစဉ်မှာ ကျနော်တို့ နောင်တော်ကျောင်းသားတွေက ပြည်သူ့ အရေးတော်ပုံကြီး တခုဖော်ဆောင်ပြီး အာဏာရှင်ကို ဖယ်ရှားနိုင်ခဲ့တယ်။ အသက်တွေ သွေးတွေ ဘဝတွေများစွာကို ပေးစပ်ခဲ့ရတယ်။ ဒါတွေကို ညီငယ်ကျောင်းသားတွေကို သိစေချင်တယ်။ လက်ဆင့်ကမ်းချင်တယ်။ တန်ဖိုးလည်း ထားစေချင်တယ်။ ဒါကြောင့် ဒီအခမ်းအနားကို လုပ်ရတာ”လို့ ရှင်းပြပါတယ်။ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုမျိုးသီဟ က “ဒီနှစ် ၃ဝ ပြည့်အခမ်းအနားကနေ ၂ဝ၁၅ ခုနှစ်က ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်တွေအပါအဝင် ကျောင်းသားသမဂ္ဂများ တရားဝင်ရပ်တည်ခွင့်ပေးဖို့ ကျောင်းသားသမဂ္ဂ လုပ်ငန်းစဉ်တွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးဖို့တွေကိုလည်း ဒီနေ့အခမ်းအနား ကနေ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။ ဒီနေ့အခမ်းအနားမှာ ၁၉၈၈ ခုနှစ်အရေးတော်ပုံတုန်းက ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေ ချီတက်ဆန္ဒပြခဲ့ကြတဲ့ ဗွီဒီယိုဖိုင်ကို ဦးစွာပြသခဲ့ကြပြီး ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အလေးပြုခြင်း၊ ငြိမ်သက်ခြင်း အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ အဲဒီနောက်အမှတ်တရ စကားတွေပြောဆိုခဲ့ကြပြီးတဲ့နောက်မှာတော့ စာရေးဆရာ မောင်သာချို၊ စာရေးဆရာချစ်ဦးညို တို့ စာပေဟောပြောခဲ့ကြပါတယ်။ ဒီနေ့အခမ်းအနားကို ပြည်မြို့ ပန်းဘဲတန်းလမ်း၊ ယဉ်ကျေးမှုကဇာတ်ရုံကြီးမှာ ပြုလုပ်ခဲ့ပြီး ပြည်မြို့က ကျောင်းပေါင်းစုံက ကျောင်းသားတွေ ဒေသခံပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024