DVB Logo
Home
မြန်မာသတင်း
အစိုးရက နယ်စပ်တွင် ကုန်စည်အရည်အသွေး စစ်တော့မည်
DVB
·
July 24, 2012
Donate to DVB

တရုတ်နဲ့ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း ၁၃ ခုကနေ တင်သွင်းလာတဲ့  အစားအသောက်တွေ နဲ့ ဆေးဝါးတွေကို  ကျန်းမာရေးနဲ့ ညီမညီ စစ်ဆေးတော့မယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန (အက်ဖ်ဒီအေ) က တာဝန်ရှိသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဇူလိုင် ၂၄ ရက်ထုတ် သတင်းစာမှာ ဖော်ပြထားရာ ကနဦး ကုန်သွယ်စခန်း ၂ နေရာမှာ စတင်မယ်လို့ ဆိုပါတယ်။

အက်ဖ်ဒီအေရဲ့ ဆောင်ရွက်ချက်ဟာ တဖက်နိုင်ငံတွေကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ကုန်ပစ္စည်းတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တာ၊ အထူးသဖြင့် စားဆီအတုတွေ ၀င်ရောက်နေတဲ့ အပေါ် ပြည်တွင်းမှာ ကျယ်ကျယ်လောင်လောင် ပြောဆိုဝေဖန်ခဲ့ပြီးတဲ့နောက် အစိုးရဘက်က ခြေလှမ်းဖြစ်သလို မြန်မာနိုင်ငံအတွက် ပထမဆုံး ဆောင်ရွက်ချက် ဖြစ်ပါတယ်။

ကုန်သွယ်ရေးဂိတ် ၁၃ ခု ဖွင့်ဖို့စီစဉ်ထားတဲ့အနက် ကနဦးအနေနဲ့ တရုတ်ကုန်သွယ်ရေးစခန်း ၁၀၅ မိုင်နဲ့ ထိုင်းနဲ့ကုန်သွယ်တဲ့ မြ၀တီကုန်သွယ်ရေး စခန်းတွေမှာ စတင်အကောင်အထည်ဖော် မှာ ဖြစ် ပါတယ်။

အဲဒီစစ်ဆေးရေးရုံးတွေကနေ ကုန်စည်အရည်အသွေးနဲ့ ကျန်းမာရေးနဲ့ ညီ မညီ၊ သက်တမ်း လွန် မလွန်၊ သက်ဆိုင်ရာက ခွင့်ပြုချက်ရထားတဲ့ စနစ်တကျ အရည်အသွေးပြည့်မီတဲ့ ကုန်စည်တွေ ဟုတ် မဟုတ် ဆိုတာကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေ စိုးရိမ်ပူပန်မှုနဲ့ သုံးနေရတဲ့ နို့မှုန်အတု၊ ရက်လွန်မုန့်မျိုးစုံ၊ အလှကုန်ပစ္စည်းတွေ၊ ရက်လွန်ဆေးဝါးတွေနဲ့ အရည်အသွေးမပြည့်တဲ့ စားသုံးဆီတွေကို စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။

အစိုးရရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ မန္တလေးမြို့က ဆီကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးကိုကိုကြီးက ကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို နယ်စပ်တွေကနေ ဆီနှစ်မျိုးဝင်ရာမှာ တမျိုးက စွန့်ပစ်ဆီတွေကို အရောင်းချွတ်ထားတဲ့ ဆီဖြစ်ပြီး ကျန်တမျိုးက စားအုန်းဆီ မှောင်ခိုတင်သွင်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့မညီတဲ့ စွန့်ပစ်ဆီတွေကိုတော့ မသွင်းသင့်သလို စားအုန်းဆီကိုတော့ လူထုလည်း စားသုံးနိုင်၊ နိုင်ငံကလည်း အခွန်ရအောင် တင်သွင်းခွင့်ပြုသင့်တယ်ဆိုတာ တင်ပြထားတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကို နယ်စပ်ကနေ တရားမ၀င် ၀င်ရောက်တဲ့ စားဆီဟာ တရားဝင်တင်သွင်းတာထက် ၁၄ ဆလောက်အထိ များပြားနေတာကြောင့် အစိုးရက ထိန်းကွပ်နိုင်ရင် ကုန်သွယ်ခွန်ရလာဖို့ ရှိတယ်လို့ လည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013