DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာရာဇဝတ်မှုတရားရုံး စွပ်စွဲချက်များကို ပြန်ချေဖျက်နိုင်မည့် စာတမ်းတင်သွင်း
DVB
·
August 5, 2018
နိုင်ငံတကာရာဇဝတ်မှုတရားရုံး စွပ်စွဲချက်များကို ပြန်ချေဖျက်နိုင်မည့် စာတမ်းတင်သွင်း
Donate to DVB

ရခိုင်ပြည်နယ်အရေးမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့က ရာဇ၀တ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ရဲ့ စွပ်စွဲချက်တွေဟာ တဖက်သတ်ဆန်နေတာကြောင့် အဲဒီစွပ်စွဲချက်တွေကို ပြန်ချေဖျက်နိုင်မယ့် အဲမက်ကပ်စ်ကူရီးရိုင် (AMICUS CURIAE) စာတမ်း ICC ကို တင်သွင်းလိုက်တယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့က ပြောပါတယ်။

မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုစတဲ့ ခေါင်းစဉ်တွေနဲ့ အပြစ်ပေးနိုင်ဖို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ကနေ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းထားတာနဲ့ပတ်သက်ပြီး သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ကနေ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ကိုပြန်ပြီး ဇူလိုင် ၂၆ ရက်နေ့က AMICUS CURIAE စာတမ်း တစောင် ပြန်လည်တင်သွင်းခဲ့တာလို့ သြဂုတ် ၄ ရက်နေ့က Taw Win Garden Hotel မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ နိုင်ဆွေဦးက “အစိုးရနဲ့တပ်မတော်မခွဲခြားဘဲ မြန်မာနိုင်ငံဘက်ကနေပြီး ဖြစ်စဉ်အမှန်တွေကို နိုင်ငံတကာတွေကသိအောင် လုပ်ဖို့လိုကြောင်း၊ ဒါကြောင့် သက်သေအထောက်အထားတွေနဲ့ ကျနော်တို့က အိုင်စီစီကို တင်သွင်းခဲ့တာ” လို့ ပြောပါတယ်။

ဒီစာတမ်းရှင်းလင်းပွဲကို စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ရဲမှူးချုပ်ဟောင်းတွေနဲ့ နိုင်ငံရေးပါတီက နိုင်ငံရေးခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013