DVB Logo
Home
မြန်မာသတင်း
တောင်သူများ ပိုမိုစိုက်ပျိုးနိုင်ရန် ကူညီမည်ဟု စီးပွားကူးသန်းဝန်ကြီးပြော
DVB
·
July 24, 2012
တောင်သူများ ပိုမိုစိုက်ပျိုးနိုင်ရန် ကူညီမည်ဟု စီးပွားကူးသန်းဝန်ကြီးပြော
Donate to DVB

အထက်မြန်မာနိုင်ငံက ဆီစက်ပိုင်ရှင်တွေအနေနဲ့ ခေတ်မီဆီစက်တွေ ၀ယ်ယူ လုပ်ကိုင်ဆောင်ရွက်ကြ ဖို့ စီးပွားကူးသန်းဝန်ကြီးက ပြောကြားလိုက်ပါတယ်။

မန္တလေးမြို့၊ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းရုံးမှာ တနင်္ဂနွေနေ့က ပြုလုပ် ခဲ့တဲ့ မန္တလေးမြို့ ကုန်သည်ကြီးတွေနဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်တို့ တွေ့ဆုံဆွေးနွေးပွဲမှာ ၀န်ကြီးက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_28353" align="alignright" width="300" caption="စီးပွားကူးသန်း ၀န်ကြီး ဦးဝင်းမြင့်"][/caption]

ဆီစက်အသစ်တွေ ၀ယ်ယူဖို့ ဂျပန်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးမယ့် အကြောင်းနဲ့ သွင်းကုန် လိုင်စင်တွေချပေးမယ့် အကြောင်းလည်း ၀န်ကြီးက ပြောကြားခဲ့တယ်လို့ ပွဲစားကုန်သည် စက်ပိုင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောပါတယ်။

ကုန်ကြမ်းဖြစ်တဲ့ မြေပဲဆန်ဝယ်ယူရေး အခက်တွေ့နေကြပြီး အထက်မြန်မာပြည်မှာရှိတဲ့ ဆီစက် အားလုံးလောက် နီးနီး  လည်ပတ်နိုင်ခြင်း မရှိကြပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုန်သည်တွေက တင်ပြခဲ့ကြတဲ့အပေါ် စီးပွားကူးသန်းဝန်ကြီး က ပြန်လည်ဆွေးနွေးခဲ့ပုံကိုလည်း ဦးသိန်းထွန်းက ခုလို ပြောပြပါတယ်။

“ပဲဆံ၊ နှမ်းတွေ ကိစ္စကတော့ ဈေးကွက်စီးပွားရေး ဖြစ်နေတဲ့အတွက် ချစ်ကြည်ရေးတံတားတွေကနေ အပြင်ကို ထွက်နေတဲ့အတွက် ဆီစက်တွေ ရပ်ထားရတယ်လို့ ဆီစက်ပိုင်ရှင်များအသင်းက တင်ပြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့က ပိတ်ပင်လို့တော့ မဖြစ်ဘူး။ ကျနော်တို့ဆီမှာ တောင်သူတွေကို ပံ့ပိုးမှုပေးမယ်။ ခေတ်မီနည်းစနစ်နဲ့ မျိုးကောင်းမျိုးသန့်တွေ သုံးပြီးတော့ တိုးစိုက်ကြဖို့ရာပေါ့။ ဥပမာ ဂျပန်က နှမ်းဆိုရင် မျိုးကောင်းမျိုးသန့်တွေလာတယ်။ အဲဒါမျိုးလေးတွေနဲ့ စိုက်ပျိုးပုံစနစ်လေးတွေ ပြောင်းပြီးစိုက်ကြရင် သူတို့အတွက် အကူအညီတွေ ပေးမယ်ပေါ့ဗျာ။ အဲဒီလို ခံဝန်ချက်တွေ ပေးပါတယ်ဗျ။”

မန္တလေးမြို့ပေါ်မှာ နယ်စပ်က တရားမ၀င် ၀င်ရောက်လာတဲ့ စားအုန်းဆီတွေ တွေ့ရင် အရေးယူမှာ ဖြစ်တဲ့ အကြောင်းလည်း စီးပွားကူးသန်းဝန်ကြီးက ပြောခဲ့ပါတယ်။

တရုတ်ပြည် ရွှေလီမြို့ကနေ မူဆယ်လမ်းအတိုင်း တရားမ၀င် ၀င်ရောက်လာတဲ့ စားအုန်းဆီတွေဟာ ရှမ်းပြည်နယ်၊ မန္တလေးနဲ့ ရန်ကုန်စတဲ့ မြို့ကြီးတွေအထိ ပျံ့နှံ့ဝင်ရောက်နေတာပါ။ ဒါ့အပြင် အဲ့ဒီ ဆီ တင်သွင်းလာသူတွေကပဲ မြန်မာနိုင်ငံက မြေပဲဆန်တွေ ပြန်ဝယ်သွားတဲ့အတွက် ဈေးကွက်ထဲ မြေပဲဆန်ပြတ်ပြီး၊ ဆီစက်အများစုလည်း ရပ်ဆိုင်းထားကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013