DVB Logo
Home
မြန်မာသတင်း
ဆားကို အရည်သွေးပြည့် ကုန်ချောအဖြစ် မကွေးမြို့တွင် တပိုင်တနိုင်ချက်လုပ်
DVB
·
August 5, 2018
ဆားကို အရည်သွေးပြည့် ကုန်ချောအဖြစ် မကွေးမြို့တွင် တပိုင်တနိုင်ချက်လုပ်
Donate to DVB

မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ အခြေခံ စားသောက်ကုန်တခုဖြစ်တဲ့ ဆားကို အရည်အသွေးပြည့်ဝသော ကုန်ချောအဖြစ် တပိုင်တနိုင်ချက်လုပ်ဖြန့်ဖြူးရောင်းနေကြပါတယ်။

မကွေးမြို့ အောင်မေတ္တာရပ်ကွက်က တပိုင်တနိုင် ဆားချက်ဖိုပိုင်ရှင် ဦးတင်မောင်ထွန်းက "ဆားအတွက် ကုန်ကြမ်းကတော့ ပုသိမ်ကိုလှမ်းမှာပြီး စဥ့်အိုးတွေထဲကို တအိုးကို အချိန် ၅၀ စီထည့်မွှေပြီး တညအိပ်လောက်ထားလိုက်တော့ အနည်တွေ အမှိုက်တွေ စဥ့်အိုးထဲတိမ်သွားတော့ အရည်ကြည်တွေကို မြေကြီးထဲမြှုပ်ထားတဲ့ စဥ့်အိုးတစ်လုံးထဲပြီး စဥ့်အိုးထဲကနေ ဆားကန်တွေထဲ ထည့်ပြီးချက်ရတယ်။ ၄ နာရီလောက်အကြာမှာ ကုန်ချော အဖြစ်ရရှိပြီး ၃ နာရီလောက်အကြာမှ အရည်စစ်ပြီး ထုတ်ပိုးဖြန့်ဖြူးလို့ရပြီ။ ကုန်ကြမ်း တစ်ပိဿာကို ၃၅၀ လောက်ကျပြီးတော့ ကုန်ချောထွက်လာရင် တစ်ပိဿာကို ၇၀၀ ကျပ်ရောင်းရတယ်။ မကွေးမြို့ရဲ့ ရန်ကင်းဈေး၊ ရန်ပယ်ဈေး၊ ကန်သာဈေး၊ မြို့မဈေးကြီးတို့ကို အဓိက ဖြန့်ဖြူးတယ်။ မိသားစု ၄ ယောက်လောက် ၀ိုင်းလုပ်ကိုင်ပြီး တစ်ရက်ဝင်ငွေ ၂၅၀၀၀ ကျပ်လောက်ရရှိတယ်။ ကျန်းမာရေးဌာနရဲ့ စစ်ဆေးမှုခံယူပြီး အိုင်အိုဒင်း ဓာတ်ပြည့်မီမှု ရှိမရှိ စစ်ဆေးပြီးမှ ဖြန့်ဖြူးပေးတယ်"လို့ ပြောပါတယ်။

အောင်မေတ္တာရပ်ကွက်က ဆားလုပ်ငန်းလုပ်ကိုင်သူ မမူမူထွန်း က "မိသားစု လုပ်ငန်း ဆိုတော့ မအားတဲ့အခါမျိုးမှာ လိုအပ်တာလေးတွေ လုပ်ပေးရတာပေါ့။ ဆားထည့်တာမျိုးတို့ ကန်ကျင်း မီးထိုးတာမျိုးတို့ လုပ်ရတယ်။ လောင်စာအဖြစ် မြေပဲခွန်ကို အသုံးပြုပြီး မီးအနေထား အရ ၄ နာရီခန့်ကြာအောင်ချက်ရတယ်။ ကိုယ့်မိသားစုအတွက်ကတော့ မဆိုးပါဘူး၊ ဖြန့်ဖြူးရတာလည်း ကောင်းတော့ ပင်ပန်းရကျိုးနပ်ပါတယ်။ မိသားစုအတွက် တပိုင်တနိုင် ဝင်ငွေ ရတဲ့ လုပ်ငန်းတခုဖြစ်တယ်"လို့ ဆိုပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013