DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 4, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၄၂၂၅ဝဝ ကနေ ၄၃၂၅ဝဝ ပေါက်ဈေးရှိပြီး တစ်တန်ကို ငွေကျပ် ၁ဝဝဝ ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ တစ်တန်ကို ၄၈၁ဝဝဝ ပေါက်ဈေးရှိပြီး မနေ့ကထက် တစ်တန်ကို ၅၅ဝဝ ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်း (ခရမ်းရွှေဝါ) ကတော့ ဒီနေ့မှာ တပိဿာကို ၈၅ ကျပ်ဈေး ကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ၂၁၆၅ ကျပ်ရှိပါတယ်။

ပဲကြီး (ရွှေကျွန်း)

ပဲကြီး (ရွှေကျွန်း) က တပိဿာကို ၁၈၅၅ ကျပ်ကနေ ၁၈၉၅ ကျပ်ပေါက်ဈေးရှိပြီး တပိဿာကို ၂ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကုလားပဲဖြူလုံး

ကုလားပဲဖြူလုံးကတော့ ဒီနေ့မှာ တပိဿာကို ၃၅ ကျပ်ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ၁၂ ၆၅ ကျပ်ကနေ ၁၃ဝဝ ကျပ်ရှိပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ ဒီနေ့ပေါက်ဈေးက တပိဿာကို ၆၁ဝ ကနေ ၆၃ဝ ရှိပြီး တပိဿာကို ၂ဝ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ဘိုကိတ်

ဘိုကိတ်ပဲကတော့ ဒီနေ့မှာ တပိဿာကို ၆၅ ကျပ်ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တပိဿာကို ၇၅ဝ ကနေ ၈၃၅ ကျပ် ရှိပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်)

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီနေ့မှာ တပိဿာကို ၈၅ဝ ကနေ ၉ဝဝ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီကတေ့ ဒီတစ်ပတ်မှာ ဈေးတက်တယ်လို့ ပြောလို့ရပါတယ်။

အိန္ဒိယက ဝယ်ယူမှု အနည်းငယ်များလာတဲ့အတွက် ဈေးက တက်လာခဲ့တာဖြစ်ပြီးတော့ ပဲတွေ ရှိနေပေမယ့် ဈေးကွက်ထဲ ပဲအဝင်နည်းတဲ့အတွက် ဈေးက တက်လာတာလို့လည်း သိရပါတယ်။

မတ်ပဲက အဟောင်းအပြင် အသစ်တွေပါ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပြီး အဟောင်းထက် ဈေးပိုရနေတာကိုလည်း တွေ့ရပါတယ်။

မတ်ပဲက ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်လိုက်ရင် တပတ်အတွင်း နှစ်သောင်းကျော် ဈေးတက်လာခဲ့ပါတယ်။

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ သြဂုတ်လမှာ အိန္ဒိယနိုင်ငံကို တင်သွင်းမှု အပြီးလုပ်ဆောင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ဈေးကွက်အတွင်း အဝယ်များလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် တခြားပဲသီးနှံတွေက လက်ကျန်လျော့နည်းပြီ ဈေးတက်လာတာကလည်း ပဲစင်းငုံနီကို အဝယ်ပိုများပြီး ဈေးတက်လာစေတယ်လို့ သုံးသပ်ထားပါတယ်။

ပဲတီစိမ်းကတော့ နယ်ကုန်စည်ဒိုင်အချို့မှာ ပဲအသစ်တွေ ဝင်ရောက်လာပေမယ့် မိုးစိုတဲ့အတွက်ကြောင့် အသီးပုတ်အနာအဆာတွေများပြီး ဈေးက အနိမ့်ဈေးနဲ့ ဝင်ရောက် လာခဲ့ပါတယ်။

လက်ကျန်ပဲတွေကတော့ အရည်အသွေးကောင်းတဲ့အတွက် ဈေးကောင်းရနေပေမယ့် အသစ်ဝင်လာတဲ့ ပဲတွေကတော့ ဈေးကောင်းမရရှိဘူးလို့ သိရပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013