ခရီးသွားသံတမန်အဖြစ် လုပ်ရန် သဘောတူညီမှုရထားဟု အောင်လအန်ဆန်ပြော
DVB
·
August 4, 2018

ခရီးသွားသံတမန်အဖြစ် ခန့်အပ်ဖို့ အကြမ်းဖျင်း သဘောတူညီမှုရရှိထားကြောင်း မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဒီနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အောင်လအန်ဆန်က “ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်နဲ့ ထင်မှတ်မထားပဲ မနက်စာတူတူစားခွင့်ရခဲ့တယ်။ ဝမ်းသာစရာ သတင်းကောင်းပါးချင်တာကတော့ ကျနော့်ကို ခရီးသွား သံတမန်အဖြစ်နဲ့ခန့်အပ်ဖို့ အကြမ်းဖျင်း သဘောတူထားပြီဆိုတာပါပဲ။ ဒီအတွက်ကျေးဇူးတင်ရပါတယ်။ ကျနော်တို့ နိုင်ငံအနာဂတ်အတွက် တကယ်ကို စိတ်လှုပ်ရှားပါတယ်” လို့ ဆိုပါတယ်။