DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့်ကျေးရွာအချို့ စားနပ်ရိက္ခာမရောက်ဟု ပဲခူးဗကသ ပြော
DVB
·
August 4, 2018
ရေဘေးသင့်ကျေးရွာအချို့ စားနပ်ရိက္ခာမရောက်ဟု ပဲခူးဗကသ ပြော
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်တချို့က ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတချို့ကို စားနပ်ရိက္ခာတွေ ထိရောက်စွာ မရောက်ရှိသေးဘူးလို့ ပဲခူး ဗကသကျောင်းသားများအဖွဲ့က ပြောပါတယ်။

နေရာဒေသအချို့ကို အစိုးရအဖွဲ့ရဲ့ ကူညီထောက်ပံ့မှုတွေ မရောက်ရှိသေးသလို တချို့ဒေသတွေရဲ့ သဘာဝဘေးကူညီကယ်ဆယ်ရေး ကွက်ကဲရုံးတွေမှာ ကယ်ဆယ်ရေးစခန်းတာဝန်ခံတွေက လက်သင့်ရာသူတွေကိုသာ စားနပ်ရိက္ခာ ပေးဝေးနေကြတယ်လို့ ဗကသများအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီမှ ကိုမျိုးကိုက ဒီဗွီဘီကို ပောပါတယ်။

ကယ်ဆယ်ရေးစခန်းမှာရှိတဲ့ သူတွေကိုသာ လှူဒါန်းတဲ့ပစ္စည်းတွေ ရောက်ရှိပေမယ့် ရေကြီးနစ်မြုပ်တဲ့ ကျေးရွာတွေက ကယ်ဆယ်ရေးစခန်းကို မလာနိုင်တဲ့ ရေဘေးသင့်ပြည်သူတွေမှာ စားစရာမရှိလောက်အောင် ဖြစ်နေရတယ်လို့ ပဲခူးတက္ကတသိုလ်ကျောင်းသားများ သမဂ္ဂအတွင်းရေးမှူး မထက်ရတနာဦးက ဆိုပါတယ်။

"ရေထဲကနေ ကယ်ဆယ်ရေးစခန်းကို မလာနိုင်တဲ့သူတွေကို အများကြီး မဟုတ်ရင်တောင် သုံးပုံနှစ်ပုံလောက်တော့ ကွင်းဆင်းပြီး ပေးစေချင်တယ်။ ရေထဲမှာရှိတဲ့သူတွေမှာ စားစရာမရှိလောက်အောင်ဖြစ်နေတယ်။"

စခန်းဖွင့်ထားပြီး စခန်းမှာလာနေတဲ့ ပြည်သူတွေရှိသလို ရေတက်နေလို့ အခက်အခဲဖြစ်ပြီး စခန်းကို ရောက်မလာတဲ့ ပြည်သူတွေကိုလည်း ထောက်ပံ့ပေးနိုင်ဖို့ လုပ်ဆောင်ပေးနေသလို ပြန်လည်ထူထောင်ရေးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်မာရေးစောင့်ရှောက်မှုတွေရော၊ နေအိမ်ရေဝင်ရောက်မှုအပေါ် လိုအပ်ချက်တွေကိုပါ ထောက်ပံ့ပေးဖို့ စနစ်တကျ ပြန်လည်ပြီး လုပ်ဆောင်သွားမှာပါလို့ သယံဇာတသစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းက ဒီဗွီဘီက ပြောထားပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှာ မြစ်ရေတချို့ ပြန်လည်ကျဆင်းနေပြီး ကယ်ဆယ်ရေးစခန်း တချို့ ပိတ်သိမ်းမှုတွေရှိနေပေမယ့် သြဂုတ်လ ၃ ရက်နေ့အထိ မြို့နယ် ၉ ခုမှာ ကယ်ဆယ်ရေးစခန်း ၁၃၅ ခု ဆက်လက်ဖွင့်လှစ်နေပြီး အိမ်ထောင်စု ၁၃၆၆၀ က ရေဘေးသင့်သူ ၆၄၄၈၃ ယောက်ခိုလှုံနေရတယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားပါတယ်။

သတင်း-ဓာတ်ပုံ

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013