DVB Logo
Home
မြန်မာသတင်း
ပလိပ်​ပန်​ဒါချည်​မျှင်​စက်ရုံက အလုပ်​သမား ၉၇ ဦးကို အလုပ်​ထုတ်
DVB
·
August 4, 2018
ပလိပ်​ပန်​ဒါချည်​မျှင်​စက်ရုံက အလုပ်​သမား ၉၇ ဦးကို အလုပ်​ထုတ်
Donate to DVB

မန္တ​လေးတိုင်း စဥ့်ကိုင်​မြို့နယ်​ ပလိပ်​ပန်​ဒါချည်​မျှင်​နဲ့ အ​ချောကိုင်​စက်​ရုံက EC စာချုပ် မချုပ်​တဲ့ အလုပ်သမား ၄၀၀ ​ကျော်​ထဲက ​​အလုပ်​သမား ၉၇ ​ယောက်​ကို အလုပ်​ ထုတ်​ပယ်​​ကြောင်း ပန်​ဒါကုမ္ပဏီက တရားဝင်​​ကြေညာချက်​ အမိန့်​စာထုတ်​ပြန်​လိုက်​ပါတယ်​။

အခုလို အလုပ်​က​နေ အလုပ်​သမားအများစုကို အလုပ်​ကထုတ်​လိုက်​တာဟာ ဥပ​ဒေနဲမညီညွတ်​ဘဲ ဥပ​ဒေကို လက်​တလုံးခြားလုပ်​နေတာလို့ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး မဇာခြည်​ဝင်းက​ ပြောပါတယ်​။

ပန်​ဒါကုမ္ပဏီရဲ့ အ​ထွေ​ထွေမန်​​နေဂျာ ​ဒေါ်တင်​တင်​​ရွှေက​ “EC စာချုပ်​ကို ပြန်​လည်​မချုပ်​ဆိုချင်​တဲ့ အလုပ်​သမား​တွေကိုသာ ကျမတို့က အလုပ်​ကထုတ်​တာပါ။ EC စာချုပ်​ကို ချုပ်​ဆိုမယ့် အလုပ်​သမား​တွေကို ကျမတို့က လက်​ခံသွားမှာပါ။ ဥပ​ဒေနဲ့အညီ EC စာချုပ်​ကို ချုပ်​ဆိုတဲ့အလုပ်​သမား​တွေနဲ့ပဲ ကျမတို့စက်​ရုံက ​ရှေ့ဆက်​သွားမယ်​” လို့ ပြောပါတယ်​။

အလုပ်​ရှင်​က အခုလို အလုပ်​သမားအများစုကို အလုပ်​ကထုတ်​ပယ်​လိုက်​တာတဲ့အတွက်​ နှစ်​ဦးနှစ်​ဖက် ​အဆင်​​ပြေ​အောင်​ ညှိနှိုင်း​ပေး​နေတယ်​လို့ စဥ့်ကိုင်​မြို့နယ်​ တိုင်​​ဒေသကြီး လွှတ်​​တော်​ကိုယ်စားလှယ် ​ဦးလှိုင်​ဝင်းက​ ပြောပါတယ်​။

ပလိပ်​ပန်​ဒါချည်​မျှင်​စက်​ရုံက အလုပ်​သမား ၂၅၀ ဟာ ဇူလိုင်​ ၂၉ ရက်​က  အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ် EC စာချုပ်​ ပြန်​မချုပ်​ဆိုဖို့ကို ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်က အမှတ် ၂ ပလိပ် ချည်မျှင်စက်ရုံကို ပန်ဒါကုမ္ပဏီဟာ အစိုးရဆီကနေ ၂ဝ၁၃ ခုနှစ် ဧပြီလက လွှဲပြောင်းရယူပြီး နှစ် ၃၀ စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013