DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ထက်ဝက်ကျော် လျော့ကျ
DVB
·
August 4, 2018
အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ထက်ဝက်ကျော် လျော့ကျ
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ဇူလိုင်လအတွင်း ယာဉ်မတော်တဆမှု ၂၈ မှုဖြစ်ပွား၍ ဒဏ်ရသူ ၃၇ ယောက် ရှိခဲ့တာကြောင့် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လတွေထက် ထက်ဝက်ကျော် လျော့ကျသွားတယ်လို့ ဇူလိုင် ၃ ရက်နေ့က အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သိရပါတယ်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲအုပ်တဦးက "၂၀၁၆ ၂၀၁၇ ဇူလိုင်လတွေနဲ့ အခု ၂၀၁၈ ဇူလိုင်လကို နှိုင်းယှဉ်ရင် ယာဉ်မတော်တဆမှုတွေ၊ ဒဏ်ရာရမှုတွေ ထက်ဝက်ကျော် ကျင်းသွားတာပါ။ လူသေဆုံးမှုကတော့ ၂၀၁၇ က ၃ ဦးဖြစ်ပြီး ၂၀၁၈ က ၄ ဦး ဖြစ်နေတော့ ၁ ဦးပိုနေတာ တွေ့ရတယ်။ အခုလို ယာဉ်တိုက်မှုတွေ လျော့လာတာ ယာဉ်မောင်းသူတွေ ဆင်ခြင်နိုင်အောင် အမြဲစောင့်ကြည့်ပြီး အသိပညာပေးမှု၊ သတိပေးမှုတွေ ဂရုတစိုက် လုပ်ဆောင်ပေးခဲ့တဲ့ ရလဒ်ကောင်းတခုပါပဲ။ ယာဉ်မောင်းသူများဘက်ကလည်း အမြန်လမ်းမကြီးရဲ့ စည်းကမ်းတွေကို လိုက်နာပေးတာလည်း ပါပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လမှာတုန်းက ယာဉ်မတော်တဆမူပေါင်း ၈၀ ဖြစ်ပြီး ၁၅ ယောက် သေဆုံး၊ ၁၁၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာက ယာဉ်မတော်တဆမှုပေါင်း ၅၀ ဖြစ်ပွားပြီး ၃ ယောက်သေဆုံး၊ ၆၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013