DVB Logo
Home
မြန်မာသတင်း
မသန်​စွမ်းလူငယ်​​များကို အလုပ်​အကိုင်​အခွင့်အလမ်း ဖန်​တီး​ပေးနိုင်​ရန် ဆွေး​နွေး
DVB
·
August 3, 2018
မသန်​စွမ်းလူငယ်​​များကို အလုပ်​အကိုင်​အခွင့်အလမ်း ဖန်​တီး​ပေးနိုင်​ရန် ဆွေး​နွေး
Donate to DVB

မသန်​စွမ်းလူငယ်​​တွေ ဘဝရပ်​တည်​နိုင်​​ရေး သက်​​မွေးအလုပ်​အကိုင်​ ဖန်​တီး​ပေးနိုင်​ဖို့ ​တောင်​ကြီးမြို့ရှိ မသန်​စွမ်းအဖွဲ့အစည်းနဲ့ ဝိုင်​အမ်​စီ​အေတို့ ပူး​ပေါင်းပြီး ​တောင်​ကြီးမြို့ YMCA ခန်းမမှာ ​ဆွေး​နွေးပွဲ ပြုလုပ်​ပါတယ်​။

လက်​ရှိ မသန်​စွမ်း​တွေအတွက်​ ထုတ်​ကုန်​တံဆိပ်တခု ဖန်​တီး​ပေးပြီး ပြည်​ပတင်​ပို့နိုင်​ဖို့ ပြုလုပ်​မှာ ဖြစ်​ပါတယ်​။

New Heaven learning centre ​ကျောင်းအုပ်​ ဒေါ်ဆည်းဆာထွန်းက “အဓိကကတော့ ကျောင်းက ကလေးတွေကို စပြီး လေ့ကျင့်သင်ကြားပေးနေပါပြီ။ နောက်လကနေစပြီး သေချာလုပ်ဖို့ ကျမတို့ မျှော်မှန်းထားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင်​ ပညာနဲ့ အလုပ်​အကိုင်​ အခွင့်​အလမ်း​တွေကိုလည်း ​လေ့ကျင့်သင်​ကြား​ ဖန်​တီး​ပေးသွားမှာ ဖြစ်​ပါတယ်​။

မသန်​စွမ်း​တွေ နိုင်​ငံသားအခွင့်အ​ရေး မဆုံးရှုံး​အောင်​ အသက်​ပြည့်သူအားလုံး ၂ဝ၂ဝ မှာ မဲထည့်နိုင်​​အောင်​ ​လေ့ကျင့်ပျိုး​ထောင်​သွားမယ့် စီမံကိန်း​တွေ စီစဉ်​ထားတယ်​လို့ ပြောပါတယ်​။

YMCA စီမံကိန်းမန်​​နေဂျာ ဦး​ဌေးဝင်း​ရွှေက “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသက်ပြည့်ပြီးသူ မည်သူမဆို မဲပေးပိုင်ခွင့်ရှိသည် ဆိုတဲ့အတိုင်း မသန်စွမ်းတွေကို အသက်ပြည့်ပြီးသူတိုင်း မည်သူမဆို မည်ကဲ့သို့ မဲပေးရမယ် ဆိုတာကို ကျနော်တို့ သင်ပေးမယ်” လို့ ပြောပါတယ်။

မသန်​စွမ်း​သူ​တွေဟာ ခွဲခြားဆက်​ဆံခံရတဲ့အပြင်​ အခက်အခဲ​မျိုးစုံနဲ့ ဘဝရပ်​တည်​ဖို့ ရင်​ဆိုင်​​နေရတာကြောင့် အခုလို စီစဉ်ဖြစ်တယ်လို့ Morning Star ID group​ မှ ဒေါ်စုစုက ပြောပါတယ်။

“သူတို့တချို့မှာ ကိုယ်အင်္ဂါ မသန်စွမ်း ရှိတယ်၊ တချို့က ဉာဏ်ရည်မသန်စွမ်း ရှိတယ်။ ပတ်ဝန်းကျင်မှာ သူတို့ကို နားလည်မပေးနိုင်ကြတော့ သူတို့က သူတို့ဖြစ်ချင်တာတွေ၊ ပြောချင်တာတွေ၊ လုပ်ချင်တာတွေအတွက် သူတို့မှာ လူနားလည်အောင် ပြောဖို့ အခက်အခဲ တခုပေါ့။”

မြန်​မာနိုင်​ငံ တနိုင်​ငံလုံးမှာ မသန်​စွမ်း​သူ ဦး​ရေ ၂ ဒသမ ၃ သန်းရှိတယ်​လို့ သိရပါတယ်​။ အခု​ဆွေး​နွေးပွဲမှာ ရန်​ကုန်​ ဝိုင်​အမ်​စီ​အေဆရာက ဦး​ဆောင်​ပြီး ​တောင်​ကြီးမြို့မှာရှိတဲ့ New heaven learning centre၊ New life၊ သူငယ်​​တော်​​ယေဇူး၊ Mili မြန်​မာနိုင်​ငံ ​ရှေ့​ဆောင်​အဖွဲ့နဲ့ Morning Stars ID group တို့က တက်​​ရောက်​​ဆွေး​နွေးခဲ့ကြပါတယ်​။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013