DVB Logo
Home
မြန်မာသတင်း
ကလေးဝ ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသူ ၅ ဦး၏အလောင်း တွေ့ရှိ
DVB
·
August 3, 2018
ကလေးဝ ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသူ ၅ ဦး၏အလောင်း တွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ရှိ  ကျောက်မီးသွေးတွင်းအထဲမှာ ပိတ်မိနေသူ ၅ ဦးကို ဒီကနေ့ မွန်းလွဲပိုင်းမှာ သေဆုံးလျက် တွေ့ရှိတယ်လို့  တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂ ရက်ညက  ကလေးဝမြို့နယ်၊ သစ်​​ချောက်​​ကျေးရွာအနီးရှိ ကုမ္ပဏီတခုရဲ့ လုပ်ကွက် ကျောက်မီးသွေးတွင်းထဲမှာ  အလုပ်ဆင်းလုပ်တဲ့ ကျောက်မီးသွေးတွင်း လုပ်သားတွေ ပိတ်​မိ​နေခဲ့တာပါ။

ကျောက်​မီး​သွေးဥမင်​လိုဏ်ခေါင်းထဲ ​ပေါက်​ကွဲမှုဖြစ်​ခဲ့တာကြောင့် ​အောက်​ဆီဂျင်​ပိုက်​ ပြတ်တောက်​ပြီး အထဲမှာ ပိတ်​မိ​ခဲ့တဲ့ တရုတ်နိုင်ငံသား တဦး အပါအဝင် လူငါးဦးကို ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ  အသက်သေဆုံးလျက် အပြင်​သို့​ ​ထုတ်ယူခဲ့တယ်လို့ တိုင်းအစိုးရ သတင်းမှာ ဖော်ပြပါတယ်။

ကလေးဝမြို့နယ်၊ သစ်ချောက်ကျောက်မီးသွေးဒေသ ထွန်းသွင်ကျောက်မီးသွေးတွင်းမှာ ယမန်နေ့ည ၁ နာရီခန့်က တာဝန်ကျ ငါးဦးပါ ကျောက်မီးသွေး အလုပ်ဆိုင်းတဆိုင်းဟာ လေပိုက်လိုင်း ချို့ယွင်းချက်ကြောင့် တွင်းထဲမှာ ပိတ်မိနေကြောင်း ဒီကနေ့ မနက် ၉ နာရီခန့်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် သက်ဆိုင်ရာ အဆင့်ဆင့်မှ ကယ်ဆယ်ကူညီရေးအဖွဲ့တွေ သွားရောက်စဉ်  ဒီမနက်အစောပိုင်းက ကယ်ဆယ်ဖို့ ကြိုးပမ်းတဲ့ အလုပ်သမား လေးယောက် အသက်ရှူကျပ်ပြီး ကလေးဝဆေးရုံမှာ  ဆေးကုသမှု ခံယူခဲ့ရတယ်လို့လည်း သိရပါတယ်။

အဆိုပါ ကျောက်မီးသွေးတွင်းမှာ အနက်ပေ ၆ဝဝ ရှိပြီး အတွင်းကန့်လန့်ဖြတ်လမ်း ကြောင်း ပေ ၂ဝဝ မှာ မတော်တဆမှု ဖြစ်နေတယ်လို့  ကျောက်မီးသွေးတွင်း တာဝန်ရှိသူက ရှင်းပြပါတယ်။

ကျောက်မီးသွေးတွင်းထဲကို အလုပ်သမားတွေက နာရီလိုက် အဆိုင်းတွေ ဆင်းကြရပြီး  တဆိုင်းမှာ ကျွမ်းကျင် တရုတ်လုပ်သား ၁ ဦးနဲ့ မြန်မာလုပ်သား ၄ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအစိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013