DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 3, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၀,၈၀၀ ကနေ ၄၁,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀  ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၄၅,၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀  ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို ၂,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၇,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ၄၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို  ငွေကျပ် ၇၂,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကအတိုင်း ဈေးပြောင်းလဲမှုမရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၉,၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀  ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၇၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၇၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။

နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုအဟောင်းက ၄၅ ပိဿာဝင် တအိတ်ကို ၁၂၅၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၇၀,၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ နှမ်းညိုအသစ်က တအိတ်ကို ၁၂၄,၅၀၀ ကျပ် ရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တပိဿာကို ၁,၇၀၀ ရှိပြီး တပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၃၀ ကျပ် ရှိပြီး ဈေးပြောင်းလဲမှု မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013