DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့တွင်​ အမျိုးသား ၁ဦး ဓာတ်လိုက်သေဆုံး
DVB
·
August 3, 2018
မြင်းခြံမြို့တွင်​ အမျိုးသား ၁ဦး ဓာတ်လိုက်သေဆုံး
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်​ (၁၄) ရပ်​ကွက်​မှာ ကိုရီးယားသွားဖို့ သင်​တန်း တက်​​ရောက်​​နေတဲ့  ​မောင်​​ကျြော်​မင့်ဝင်း (ခ) ​ကျော်​မြင့်ဦးဟာ သြဂုတ်​ ၂ ရက်​​ ညနေပိုင်းက ဓာတ်​လိုက်​ပြီး ​သေဆုံးသွားပါတယ်။

အမှတ်​ (၁၄) ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​မြင့်ခိုင်က “ကျ​နော့်​ဆီကို ၄ နာရီ ​ကျော်​​လောက်​မှာ ဓာတ်​လိုက်​​သေဆုံး​နေတယ်​လို့ သတင်း​ရောက်​လာပါတယ်​။ ဖြစ်​စဉ်​က သွယ်​တန်းထားတဲ့ သွပ်နန်းကြိုး​ပေါ်ကို ​ရေချိုးပြီး အဝတ်​စိုလှမ်းရာက​နေ လဲကျသွားတယ်​လို့ အိမ်​ရှင်​က​ပြောပြတယ်​။ အဲဒီမှာ ​ဆေးရုံကိုပို့ခဲ့​ပေမယ့် အသက်​မရှင်​ခဲ့ဘူး။ ကျ​နော်​တို့ကလည်း သက်​ဆိုင်​ရာ​တွေကို အမြန်​အ​ကြောင်းကြားခဲ့ပြီး လုပ်​စရာရှိ​တွေ ဆက်​လုပ်​ခဲ့တာပါ။” လို့ သူက ဆိုပါတယ်​။

ဓာတ်​လိုက်​ပြီး​သေဆုံးတဲ့ ကို​ကျော်​မြင့်​ဝင်း ဟာ ​ချောက်မြို့နယ်​ ထိန်​စန်း​ကျေးရွာသားဖြစ်​ပြီ ကိုရီးယားနိုင်​ငံသို့ သွား​ရောက်​အလုပ်​ လုပ်​ကိုင်ဖို့ မြင်းခြံမှာ သင်​တန်းလာ​ရောက်​ တက်​​နေသူလည်း ဖြစ်​ပါတယ်​။

မြင်းခြံ လျှပ်​စစ်​ဌာနက လက်​​ထောက်​မန်​​နေဂျာ ဦးစိုးဝင်း က “ကျ​နော်​တို့ ကြားသိချိန်​မှာ ချက်​ခြင်းသွား​ရောက်​ စစ်​​ဆေးမှု​တွေ လုပ်​ခဲ့တယ်​။ ​သေဆုံးသူ ​နေထိုင်​တဲ့ အိမ်​က အိမ်​​ရှေ့မှာ ယာယီ​နေကာ​လေး လုပ်​ထားတယ်​။ ​နေကာရဲ့ ​အောက်​မှာ သွပ်နန်းကြိုး သွယ်​တန်းထားတာ​တွေရှိတယ်​။ ပြီး​တော့ အိမ်​​ရှေ့အဝင်​လမ်းမှာ အလင်း​ရောင်​ရဖို့ မီးတပွင့်​ထွန်းထားတယ်​။ အဲ့ဒီထွန်းထားတဲ့ မီးကြိုးအဆက်​က ​ပေါက်​​နေပြီး သွပ်နန်းကြိုးနဲ့ ထိစပ်​​နေ​တော့ လျှပ်​စစ်​စီးဝင်​​နေတာဖြစ်​နိုင်​တယ်​။ ​နောက်​ပြီး မိုးရွာ​နေတဲ့အချိန်​လည်း ​ဖြစ်​​နေတယ်​။ ​အဲအချိန်​မှာ ​သေဆုံးသူက ​ရေချိုးပြီး အဝတ်​စိုကို သွပ်နန်းကြိုးအ​ပေါ်ကို လှမ်းလိုက်​စဉ်​မှာ ဓာတ်​လိုက်​ပြီး လဲကျ​သေဆုံး သွားတာဖြစ်​နိုင်​တယ်​”လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ဓာတ်​လိုက်​​သေဆုံးမှု ဖြစ်​စဉ်​နဲ့ ပတ်​သက်​လို့ မြင်းခြံ မြို့မရဲစခန်းက အိမ်​ရှင်​ဖြစ်​တဲ့ အမှတ်​ (၁၄) ရပ်​ကွက်​​နေ ဦး​ကျော်​မြင့်ကို ​သေမှု/သေခင်းနဲ့ အမှုဖွင့်​ အ​ရေးယူထားပြီး၊ ဓာတ်​လိုက်​​သေဆုံးသွားသူ ​ကျော်​မြင့်​ဝင်းရဲ့ ရုပ်​အ​လောင်းကို​တော့ မြင်းခြံနာ​ရေး ကူညီမှုအသင်းက ချောက်မြို့နယ်​ ထိန်​စန်း​ကျေးရွာကို ပို့​ဆောင်​​ပေးခဲ့တယ်​လို့ သိရပါတယ်​။

မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ ၂ဝ၁၆-၁၇ နှစ်​​တွေမှာ ခုလို ဓာတ်​လိုက်​ပြီး ​သေဆုံးမှု ၃ ကြိမ်​ ဖြစ်​ပွားခဲ့ဘူးပြီး ၂ဝ၁၈ ခုနှစ်​ထဲမှာ ပထမဆုံးအကြိမ်​ ဖြစ်​ပွားခဲ့တာလည်း ဖြစ်​ပါတယ်​။

သတင်း-ရီရီထွန်း (မြင်းခြံ)

ဓာတ်​ပုံ-မြင်းခြံနာ​ရေးကူညီမှုအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013