DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ကွမ်းရွက်ဈေးနှုန်း ၂ ဆ မြင့်တက်
DVB
·
August 3, 2018
မွန်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် ကွမ်းရွက်ဈေးနှုန်း ၂ ဆ မြင့်တက်
Donate to DVB

မွန်ပြည်နယ်မှာ ရေကြီးရေလျှံခဲ့လို့ ကွမ်းခြံတွေနဲ့ ဟင်းသီးဟင်းရွက်ခြံတွေ ရေနစ်မြုပ်ခဲ့တာကြောင့် ကွမ်းရွက်တော်တော်များများလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ကာ  ကွမ်းဈေးနှစ်ဆ မြင့်တက်သွားတယ်လို့ ကွမ်းရွက် အရောင်းဒိုင်တွေက သိရပါတယ်။

မော်လမြိုင်မှာတော့ ကွမ်းတွေကို မုံရွာနဲ့ ကျိုက်ထိုဘက်က မှာယူနေကြတာ ဖြစ်ပါတယ်။ မုံရွာကွမ်းဈေးမှာ တပိဿာကို ၁၂ဝဝဝနဲ့  ကျိုက်ထိုကွမ်းဈေးမှာ တပိသာ ၇ဝဝဝအထိ ဈေးမြင့်တက်နေပါတယ်။ ယာကွမ်းဟာ ၁ ပိဿာကို အရင်က ၅ဝဝဝနဲ့ ၆ဝဝဝ ကျပ် ရှိခဲ့ပေမယ့်လည်း အခုတော့ ၁၂ဝဝဝအထိ မြင့်တက်နေပါတယ်။

ဒေသခံ ဒေါ်အုန်းကြည်က  “ကွမ်းဈေးက အရင် တပိဿာ ၆ဝဝဝကျပ်ပဲရှိတယ်။ အခုရေမြုပ်ပြီးတော့မှ အဘွား သွားဝယ်တာ ၅ဝ သားကို ၆ဝဝဝ ကျပ်တဲ့ ။ စားကွမ်းက တပိဿာကို ၁ဝ,ဝဝဝ၊ ယာကွမ်းက တပိဿာ ၁၂,ဝဝဝ ဖြစ်နေတယ်” လို့ ပြောပါတယ်။

မော်လမြိုင်ဈေးကြီးမှာ ကွမ်းရွက် လက်လီလက်ကား ရောင်းသူ ဒေါ်မိုးစန္ဒာက “ဇူလိုင်လ ၂၅ ရက်နေ့အထိက အစ်မတို့ဆီက ကွမ်းက ၅ ထောင်ပဲ ရှိတယ်။ ၂၆ ရက်နေ့က မုံရွာက တင်လာတဲ့ ကွမ်းက ၃ဝ ရက်နေ့မှ ရောက်တယ်။ ကြားထဲမှာ ၄ ၊ ၅ ရက်လောက် ခံသွားတယ်။ ၅ ရက်ခံသွားတော့ ကွမ်းတွေ ပုပ်တာပေါ့။ စရိတ်စကတွေလည်း ကြီးတော့ ၅ ထောင်ကနေ ၁ သောင်း ၂ ထောင် ဖြစ်သွားတယ်။ ရောင်းတဲ့သူတွေလည်း အဆင်မပြေဘူး။ စားသုံးတဲ့သူတွေလည်း အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ အခက်အခဲ ဖြစ်ခဲ့တော့ အဆင်မပြေဘူးပေါ့။ ကွမ်းဆိုင်တွေလည်း လုပ်ရကိုင်ရတာ။ ရေမြုပ်လို့ စက်လှေနဲ့ ကဲ့ရတာတွေ ရှိတော့ စရိတ်စက အဆမတန် တက်သွားတာပေါ့” လို့ ပြောပါတယ်။

လက်ရှိ မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် အဝေးပြေးယာဉ်လိုင်းတွေကို ၄ ရက်တာ ပိတ်ထားခဲ့ရတာကြောင့် ကွမ်းရွက်တွေ ပုပ်ကုန်ပျက်စီးတာတွေရှိပါတယ်။

ဒါ့အပြင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကွမ်း၊ ကြက်ဥ၊ ဘဲဥ၊ ဓာတ်ဆီ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသားငါးတွေပါ မကျန် ကုန်ဈေးနှုန်းအားလုံး နှစ်ဆနီးပါး မြင့်တက်နေတယ်လို့ သိရပါတယ်။

အာကာမင်း

ဓာတ်ပုံ- လွင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013