ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်မြင့်ထွန်းအပါ အ၀င် အဖွဲ့ဝင် ၇ ယောက်ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်ရှိနေပြီး တောင်ကြီးမြို့က ပအိုဝ့် အမျိုးသားခေါင်းဆောင်တွေ၊ ယဉ်ကျေးမှုအဖွဲ့တွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး မကြာခင်မှာ ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းနဲ့ အပစ်ခတ် ရပ်စဲရေးဆွေးနွေးဖို့ ရှိနေပါတယ်။
ဦးအောင်မင်းနဲ့မဆွေးနွေးခင် ပြည်တွင်းနိုင်ငံရေးအခြေအနေကို လေ့လာနေတာဖြစ်ပြီး ဒီနေ့ညနေမှာ ရန်ကုန်မြို့ခရီးဆက်မှာဖြစ်ပါတယ်။ တောင်ကြီးမြို့မှာ ရှိနေချိန် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ခွန်သူရိန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။











