DVB Logo
Home
မြန်မာသတင်း
အောင်ရဲထွေးအမှု အဂတိလိုက်စားမှုဥပဒေအရ စုံစမ်းဖော်ထုတ်မည်
DVB
·
August 3, 2018
အောင်ရဲထွေးအမှု အဂတိလိုက်စားမှုဥပဒေအရ စုံစမ်းဖော်ထုတ်မည်
Donate to DVB

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့မှု တရားခံတွေကို စွဲဆိုထားတဲ့ အမှုကနေ ရုပ်သိမ်းပေးလိုက်တာဟာ အဂတိလိုက်စားမှုဥပဒေအရ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့အတွက် စုံစမ်းဖော်ထုတ်သွားမယ်လို့ အဂတိလိုက်စားမှုကော်မရှင်က ဇူလိုင် ၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရမှုကိစ္စနဲ့ပတ်သက်လို့ တရားခံတွေအပေါ် စွဲဆိုထားတဲ့ ပြစ်မှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က) အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့တဲ့အပေါ် ဂျာနယ်နဲ့ သတင်းမီဒီယာတွေမှာ အဂတိလိုက်စားမှု ရှိနိုင်ကြောင်း သတင်းတွေ ပျံ့နှံ့ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အများပြည်သူအကြား ပျံ့နှံ့နေတဲ့ အထက်ပါသတင်းဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုကျူးလွန်တယ်လို့ သင်္ကာမကင်းဖွယ်ရှိတဲ့အတွက် ခိုင်လုံတဲ့ အထောက်အထား ရှိနိုင်တယ်လို့ ယုံကြည်ကြောင်း သြဂုတ် ၂ ရက်နေ့ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ တက်ရောက်သူ ကော်မရှင်အဖွဲ့ဝင်အားလုံးက တညီတညွတ်တည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ) အရ ကျော်စောသတင်းအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ယင်းဥပဒေ ပုဒ်မ ၁၇(ဈ)အရ ကော်မရှင်ကို သတင်းပေးပို့ချက်အဖြစ် အတည်ပြု သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့တာပါ။

သရုပ်ဆောင် အောင်ရဲထွေး အမှုမှာ လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့ သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးကျော်ဇောဟန်(ခ)ကျော်ဇောတို့ကို အရှေ့ပိုင်းခရိုင်တရားရုံးက အမှုရုပ်သိမ်းခွင့်ပြုပြီး ဇူလိုင် ၂၅ ရက်နေ့က ပြန်လွှတ်တာပါ။ ဒီအပေါ်မှာ ငွေကြေးတစုံတရာ ရယူမှုရှိခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့တာပါ။

သရုပ်ဆောင် အောင်ရဲထွေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ညက နှစ်သစ်ကူးပါတီပွဲတခုမှာ ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရပြီး ဇန်နဝါရီ ၂ ရက်နေ့က ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013