DVB Logo
Home
မြန်မာသတင်း
နယ်ကျော် မြန်မာရွှေ့ပြောင်းလုပ်သားအယောက် ၃ဝ လက်ခံသည့် အလုပ်ရှင်ကို ဒဏ်တပ်
DVB
·
August 3, 2018
နယ်ကျော် မြန်မာရွှေ့ပြောင်းလုပ်သားအယောက် ၃ဝ လက်ခံသည့် အလုပ်ရှင်ကို ဒဏ်တပ်
Donate to DVB

ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ နယ်မြေ ကျော်လွန်နေထိုင်သူ မြန်မာရွှေ့ပြောင်း လုပ်သား အယောက် ၃ဝ အား လက်ခံထားတဲ့ ထိုင်းအလုပ်ရှင် ဒဏ်တပ်အရေးယူခံရတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ရနောင်းမြို့နယ် ငေါဝ်ကျေးရွာအုပ်စု နယ်မြေ ၄ ရပ်ကွက်ထဲမှာ မျက်နှာစိမ်း အလုပ်သမားတွေ တွေ့ရှိရပြီး ရာဇဝတ်မှုတစုံတရာဖြစ်မှာကို စိုးရိမ်တဲ့အတွက် လာရောက်စစ်ဆေးပေးဖို့ နယ်ခံလူတွေရဲ့ တိုင်ကြားချက်အရ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က အဆိုပါနေရာကို စစ်တပ်၊ ရဲ၊ လဝက တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ရနောင်းခရိုင် လုံခြုံမှုကွပ်ကဲရေးဌာန တာဝန်ရှိသူ နိုင်းခနတ် ခတ်ချနာက ပြောပါတယ်။

အဆိုပါနေရာဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတခုဖြစ်ပြီး အလုပ်သမားတွေဟာ သွပ်မိုးသွပ်ကာ တန်းလျားတွေမှာ နေကြကြောင်း၊ အလုပ်ကြီးကြပ်သူကတဆင့် သူတို့အားလုံးကို အပြင်ခေါ်ထုတ်တန်းစီပြီး စာရွက်စာတမ်းအထောက်အထားတွေ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ မြန်မာအလုပ်သမားအယောက် ၃ဝ ဟာ ဥပဒေနဲ့ မညီကြောင်း၊ သူတို့ဟာ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့်လက်မှတ်တွေ ရှိကြပေမယ့် အဆိုပါနယ်မြေထဲမှာ မှတ်ပုံတင်ထားတာမဟုတ်ဘဲ အခြားမြို့နယ်ကနေ ရောက်လာတာ တွေရကြောင်း၊ နယ်မြေကျော်ပြီး အလုပ်လုပ်မယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးမှာ အလုပ်ရှင်ရဲ့ ထောက်ခံချက်နဲ့ ခွင့်တောင်းရမှာဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းတွေ ရှင်းပြပြီး အလုပ်သမားတွေ လက်ခံထားတဲ့အလုပ်ရှင်ကို ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ အလုပ်သမား  ၁ ဦးအတွက် ဘတ် ၁၆ဝဝ စီနဲ့ အယောက် ၃ဝ အတွက် စုစုပေါင်း ဘတ် ၄ သောင်း ၈ ထောင် ဒဏ်ငွေတပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါအလုပ်သမားတွေကို မူရင်းနယ်မြေပြန်ပို့ဖို့၊ သူတို့ကို ပြန်ငှားချင်တယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေနဲ့အတူ ပြန်လည်ဆောင်ရွက်ဖို့ အလုပ်ရှင်ကို ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013