DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်အကောင့်တု အစိုးရပုံရိပ် ထိခိုက်ပါက အရေးယူမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
DVB
·
August 3, 2018
ဖေ့စ်ဘွတ်ခ်အကောင့်တု အစိုးရပုံရိပ် ထိခိုက်ပါက အရေးယူမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းရဲ့ အမည်နဲ့ ဓာတ်ပုံကို အသုံးပြုပြီး ဖေ့စ်ဘွတ်ခ် အကောင့်အတု ပြုလုပ်အသုံးပြုနေတာကို လိုအပ်ပါက အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အဆိုပါ ဖေ့စ်ဘွတ်ခ် အကောင့်အတုဟာ အခုရက်ပိုင်းအတွင်း ပေါ်ထွက်လာတာဖြစ်ပြီး အကောင့်မှာ ဖော်ပြထားတာတွေဟာ အစိုးရအဖွဲရဲ့ ပုံရိပ်ကို ထိခိုက်မှုတွေရှိလာရင် အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက “ကျင့်ဝတ်တွေ ရှိတယ်၊ ကျင့်ဝတ်ကို ဖောက်ဖျက်ရင်တော့ အရေးမယူသေးတာဘဲ ရှိတယ်၊ လိုအပ်လာရင်တော့ အရေးယူရမှာပေါ့။ လူပုဂ္ဂိုလ်အနေနဲ့က အရပ်သားဆိုရင် ပြဿနာမရှိဘူး။ ကျနော်တို့ကျတော့ နိုင်ငံတော်ရဲ့ နောက်မှာ အရိပ်အာဝါသ ရှိတယ်။ မှားရင်တော့ ကျနော်တို့က အရေးယူရမှာပါ” လို့ ပြောပါတယ်။

အဲဒီအကောင့်တုတင်တဲ့ ပို့စ်တွေကို ပဲခူးတိုင်းအတွင်းရှိ သတင်းသမားတွေရဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကို Tag တွဲ ဖော်ပြနေတာကြောင့် သတင်းသမားတွေ အနေနဲ့လည်း စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ အလွတ်တန်းသတင်းထောက် ကိုဖြိုးကိုလင်း(ညောင်ဝိုင်း)က ပြောပါတယ်။

“အရင်တခါလည်း ပဲခူးမင်းသား ဆိုပြီး အကောင့်တခု ပေါ်ဖူးတယ်။ အဲဒီအကောင့်က ဖော်ပြတာတွေကို စခန်းမှာ အမှုဖွင့်တရားစွဲတော့ သတင်းသမားတွေကို ဌာနဆိုင်ရာတွေက ခေါ်စစ်တယ်။ အခုတခါ အကောင့်အတု ပေါ်လာပြန်တယ်။ ဒီတခါ အကောင့်က သတင်းသမားတွေကို Tag တွဲပြီးတင်တော့ စိတ်အနှောင့်အယှက် ဖြစ်ရတာပေါ့” လို့ ပြောပါတယ်။

အဲဒီအကောင့်တုမှာ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေ တင်ပြခြင်းနဲ့ အရင်ကလည်း ပဲခူးမင်းသားဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တခု ပေါ်ထွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သတင်းသမားတွေကို ဌာနဆိုင်ရာတွေက ခေါ်ယူမေးမြန်းမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွှတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013