DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဒေသ စစ်ပွဲများကြောင့် မယ်သီလရှင်ဝတ်သူ များလာ
DVB
·
August 3, 2018
တိုင်းရင်းသားဒေသ စစ်ပွဲများကြောင့် မယ်သီလရှင်ဝတ်သူ များလာ
Donate to DVB

တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေကြောင့် ပြောင်းရွှေ့လာကြတဲ့ ကလေးတွေ မယ်သီရှင် ဝတ်လာတဲ့အတွက် စစ်ကိုင်းမှာ အရင်နှစ်ကထက် မယ်သီလရှင် အပါး ၆၀၀ ကျော် တိုးလာတယ်လို့ စစ်ကိုင်းမြို့နယ် သီလရှင်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာကြီး ဒေါ်ကေတုဝတီက မိန့်ကြားပါတယ်။

စစ်ကိုင်း သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် ကျောင်းဝင်းအတွင်းမှာရှိတဲ့ သီတဂူသံဝေဇနိယ ဓမ္မဗိမာန်တော်ကြီးမှာ သြဂုတ် ၁ ရက်နေ့ မနက် ဝါဝင်ချိန် သီတဂူ ဆရာတော်ဘုရားကြီး ဥူးဉာဏိဿရကို ဂါဝရပြုပွဲမှာ ဒေါ်ကေတုဝတီက ဒီဗွီဘီကို  မိန့်ကြားခဲ့တာပါ။

စစ်ကိုင်း ဂူနီချောင်က သီလရှင်ဆရာကြီး ဒေါ်ကေတုဝတီက “တိုင်းရင်းသားတွေ ဒေသမှာ စစ်ပွဲတွေဖြစ်လို့ စစ်ဒုက္ခတွေ ရောက်တော့ သားသမီးတွေ ဟိုဆွဲ၊ ဒီဆွဲနဲ့ ရောက်လာကြတယ်။ ဒီဘက်ကိုပို့တော့ သီလရှင်ဝတ်ပြီး ကျောင်းထားပေးရတယ်။ အဲဒါတွေကြောင့် အရင်နှစ်ထက် ဒီနှစ်က သီလရှင်အပါး ၆၀၀ ကျော် တိုးလာခဲ့တယ်” လို့ မိန့်ပါတယ်။

စစ်ကိုင်းမြို့နယ်မှာ သီလရှင်ချောင်ပေါင်း ၆၀၀ ကျော်နဲ့ သီလရှင်အပါး ၇၈၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒီနှစ်မှာ အရင်နှစ်တွေကထက် သီလရှင်ဦးရေ ပိုတိုးလာရာမှာ စစ်ဘေးရှောင်သူတွေက ပိုများတယ်လို့ ဆရာကြီးက မိန့်ကြားခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြန်မာပြည်တွင်း တခြားမြို့တွေမှာရှိတဲ့  မယ်သလီရှင်ကျောင်းတွေမှာလည်း တိုင်းရင်းသားဒေသတွေက လာရောက်တဲ့ ကလေးငယ်တွေ မယ်သီလရှင်ဝတ်ပြီး ပညာသင်ယူနေကြတာတွေ ရှိနေပါတယ်။

ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013