DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာတွင် ရေကြီး၍ လူ ၄၀၀ ကျော် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ (ဓာတ်ပုံ)
DVB
·
August 3, 2018
ရွှေပြည်သာတွင် ရေကြီး၍ လူ ၄၀၀ ကျော် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ (ဓာတ်ပုံ)
1 / 12
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ငွေချောင်းသာချောင်း ရေကြီးတဲ့အတွက် လူနေအိမ်ခြေ ၁၀၀ လောက် ရေဘေးဒဏ်ခံနေရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မနေ့ သြဂုတ် ၂ ရက်၊ နေ့လယ် ၃ နာရီခွဲအချိန် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၄ ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၀၀ လောက် အိမ်ကြမ်းခင်းအထိ ရေတက်လာတဲ့အတွက် ဒေသခံတွေ ရေဘေးဒဏ်ခံခဲ့ရတာပါ။

အိမ်ထောင်စု ၉၃ စုက ရေဘေးသင့်ပြည်သူ ၄၁၀ ကျော်တို့ကို ရေဘေးကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားတဲ့ ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၄ ရပ်ကွက်ရှိ ရွှေမြို့ဝန်ဇီးကုန်း ဘုန်းတော်ကြီးကျောင်းကို မီးသတ်တပ်ဖွဲ့က ကူညီပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013