DVB Logo
Home
မြန်မာသတင်း
ရေဘေးဒုက္ခသည်များထံမှ ထောက်ပံ့ရေးပစ္စည်းသယ်ယူစရိတ် ပြန်လည်ကောက်ခံနေ
DVB
·
August 2, 2018
ရေဘေးဒုက္ခသည်များထံမှ ထောက်ပံ့ရေးပစ္စည်းသယ်ယူစရိတ် ပြန်လည်ကောက်ခံနေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာမှာ ရေဘေးသင့် ပြည်သူတွေထံကနေ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ထောက်ပံ့သယ်ယူစရိတ်ဟုဆိုကာ တအိမ်ထောင်ကို ကျပ် ၁ဝဝဝ နှုန်းကောက်ယူတဲ့အတွက် ကျေနပ်မှုမရှိဘူးလို့ ရေဘေး သင့်ပြည်သူတွေကပြောပါတယ်။

ဇူလိုင် ၃၁ ရက်က မဒေါက်မြို့ သဘာဝဘေးကယ်ဆယ်ရေး ကွက်ကဲရေးရုံးရဲ့ ထောက်ပံ့ရေးပစ္စည်း ဆန်အိတ် ၂ဝ အိတ်၊ ရေသန့်ကတ် ၄ဝ နဲ့  မာမာခေါက်ဆွဲခြောက် ၁ ဖာတို့ကို မုက္ခမူ ကျေးရွာရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးတဲ့အတွက် မုက္ခမူကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က သွားရောက်ထုတ်ယူခဲ့ပါတယ်။

အိမ်ထောင်စု ၁၃၅ စု က လူဦးရေ ၅၃၈ ဦးကို လူတဦးကို ဆန်နို့ဆီဗူး ၇ လုံး၊ ရေသန့် ၁ ဗူး၊ မာမာခေါက်ဆွဲ ၁ ထုတ်စီ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က လိုက်လံဝေငှပေးခဲ့ကာ ရေဘေးသင့် တအိမ်ထောင်စုတစုကို ၁ဝဝဝ ကျပ်နှုန်းနဲ့  သယ်ယူ စရိတ်ဆိုပြီး ပြန်လည်ကောက်ယူသွားတာလို့ မုက္ခမူကျေးရွာ ရေဘေးသင့် ပြည်သူတွေက ပြောပါတယ်။

ရေဘေးဒဏ်ခံနေရတဲ့ ကိုတင်ထွန်းက “အိမ်ထောင်စုတစုကို  ထောက်ပံ့ရေးပစ္စည်း သယ်ယူစရိတ်ဆိုပြီး ၁ဝဝဝ ကျပ်ပေးရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ကောက်သွားတယ်။ ရေကြီးနေလို့ ဒုက္ခရောက်နေပါတယ်ဆို ၁ဝဝဝ ကောက်သွားတော့ မရှိတဲ့ကြားက ချေးငှားပြီး ပေးလိုက်ရတယ်။ ပိုက်ဆံပေးလိုက်ရတော့ ဘာထူးမှာလဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆန်ပြန်ဝယ်စား လိုက်ရသလိုဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

မုက္ခမူကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စိုးက “ကောက်တယ်လေကွာ၊ ငါတို့ကားနဲ့ သွားတင်ရတာ။ ငါတို့မှာ ကုန်ကျစရိတ်ရှိတယ်သွားယူတဲ့ အခါကျတော့ နောက်နေ့လည်း ကွက်ကဲရုံးက လာယူဦးဆိုတာနဲ့ နောက်နေ့ထပ်သွားရမယ်ထင်ပြီး ကောက်ထားတာပါ။ အကုန်ယူမှာတော့မဟုတ်ဘူး။ပြန်ပေးမှာပါကားခထုတ်ပြီး လို့ရှိရင်”လို့ ဒီဗွီဘီ ကိုပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးရုံးကတော့  လမ်းခရီးစရိတ်ဆိုပြီး ရေဘေးသင့်သူတွေထံက ကောက်ခံထားတာမျိုးမရှိဘဲ ဒီဖြစ်စဉ်ပေါ်မှာလည်း မသိရှိရသေးဘူးလို့ ပြောပါတယ်။

 

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013