Home
မြန်မာသတင်း
မိတ္ထီလာတွင် မိုးသက်လေပြင်းတိုက်ခတ်၊ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး နေအိမ်အချို့ပျက်စီး
DVB
·
August 2, 2018
38211810_2731379833667683_152789879552475136_n
38160625_2731379490334384_2126897998599290880_n
38155472_2731379240334409_5433660823790682112_n
38068070_2731379683667698_5946237077187198976_n
38011817_2731379307001069_5511892089719226368_n
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်မှ သြဂုတ် ၁ ရက် ညနေက မိုးသက်လေပြင်း တိုက်ခတ်တဲ့အတွက် အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး လူနေအိမ် ၅ လုံး ပျက်စီးကာ ဓာတ်တိုင် ၁တိုင် လဲကျသွားတယ်ဆိုတာ ခရိုင်မီးသတ်တပ်ဖွဲ့ရုံးက သိရပါတယ်။ သြဂုတ် ၁ ရက်ညနေ ၆ နာရီခွဲလောက်မှာ မိုးသက်လေပြင်းတိုက်ခတ်တာကြောင့် ဝန်ဇင်းရပ်ကွက် နယ်မြေ ၁၄နေ ဒေါ်စိုးစိုးထွေးရဲ့ အိမ်ဝိုင်းထဲက မကျီးပင်အမြစ်လန်ပြီး မြေစိုက်ထရံကာအိမ်ပေါ်ကို လဲကျတဲ့အတွက် ဒေါ်စိုးစိုးထွေးအိမ် ပြိုကျသွားပါတယ်။ အဲဒီရပ်ကွက် နယ်မြေ ၁၃နေ ဦးအောင်ကြည်ရဲ့ မြေစိုက်ထရံကာအိမ် ပြိုကျတဲ့ သစ်သားတန်းတွေက ဇနီးဖြစ်သူ ဒေါ်ဌေးရီ အပေါ်ပိကျပြီး ဒဏ်ရသွားပါတယ်။ အဲဒီရပ်ကွက် နယ်မြေ ၁၆ က ဒေါ်အေးမြင့်အိမ် သွပ်အချပ် ၃၀ လေလန်သွားပြီး ဒေါ်ခင်လှအိမ်က သွပ်အချပ် ၂ဝ လေလန်သွားတာပါ။ ဒေါ်ဘေဘီစန်းအိမ်ရှေ့က ကွန်ကရစ် မီးတိုင် နေအိမ်ပေါ်လဲကျလို့ သွပ် ၁ဝ ချပ် ပျက်စီးသွားပါတယ်။ GTC ကျောင်းလမ်းက လျှပ်စစ်မီးတိုင် လဲကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက “သတင်းရရချင်းပဲ မီးသတ်တပ်ဖွဲ့တွေ ဌာဆိုင်ရာ တွေ ပရဟိတအဖွဲ့တွေ သွားပြီးကူညီကြတယ်။ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေ စုစည်းပေးတယ် နက်ဖြန်လဲ ဆက်လုပ်ပေးရဦးမယ် ဒေါ်ဌေးရီကတော့ ခါးနာသွားတယ် ညာလက်ပြင်နာတယ် ညာဖက်ဒူးပွန်းပဲ့တယ် မစိုးရိမ်ရပါဘူး။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ ဒေသခံဦးကျော်လှိုင်က “ရုတ်တရက်ပဲ မိုးနဲ့လေ ပြိုင်တူတိုက်လိုက်တာ အတော်ပြင်း တယ်။ ဝန်ဇင်းရက်ကွက်ကတော့ လေကြောင်းကျသွားတာဆိုတော့ ပျက်စီးကုန်တာပေါ့” လို့ ပြောပါတယ်။ လေဘေးသင့်သူတွေ သူတို့ဆွေမျိးတွေဆီမှာ နေထိုင်ကြပါတယ်။ မိတ္ထီလာမြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွင်း ဧပြီလ၊ မေလ၊ ဇွန်လတွေမှာလည်း လေပြင်းတိုက်ခတ်တာတွေ ရှိခဲ့ပါ တယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024