DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ကျောင်းသားများ သမ္မတနှင့် တွေ့ဆုံမည်
DVB
·
July 23, 2012
၈၈ မျိုးဆက်ကျောင်းသားများ သမ္မတနှင့် တွေ့ဆုံမည်
Donate to DVB

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဖို့ ရှိနေပြီး တိုင်းပြည်တည်ဆောက်ရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ဖြစ်စဉ်ပေါ့၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ဖြတ်သန်းခဲ့တဲ့ ကာလ၊ အနာဂတ်သွားမယ့် ကာလ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ နိုင်ငံကို ဘယ်လို ပြန်တည်ဆောက်မလဲ ဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောမှာပေါ့။ ကချင်စစ်ကိစ္စကိုလည်း ရပ်ဆိုင်းဖို့ ကျနော်တို့ ပြောမှာပဲ။ အလားတူပဲ လယ်ယာမြေ သိမ်းခံရတဲ့ကိစ္စ အများကြီးပေါ့ဗျာ။”

[caption id="attachment_27745" align="alignright" width="300" caption="၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး"][/caption]

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ နဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပြီးပါပြီ။ တွေ့ဆုံခဲ့တာ အဆင်ပြေပေမယ့် ဆဲဗင်းဇူလိုင်မှာတော့ အခက်အခဲလေးတွေ ရှိခဲ့တယ်လို့ ကိုမြအေးက ပြောဆိုသွားပါတယ်။

“အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့တော့ အဆင်ပြေပါတယ်။ အခက်အခဲ အတားအဆီး မရှိဘူး။ ကြားထဲမှာ အထစ်အငေါ့လေးဖြစ်တာက ဆဲဗင်းဇူလိုင် ကိစ္စပေါ့နော်။ တဖက်နဲ့တဖက် ယုံကြည်မှုရှိတယ်ဆိုရင် ဆဲဗင်းဇူလိုင် ကလေးတွေ လုပ်တာကို အကာအကွယ်ပေးနိုင်တာပဲ။ လူငယ်တွေလုပ်တဲ့ ဆဲဗင်းဇူလိုင်ကို တားဆီးပိတ်ပင်တာကိုတော့ ကျနော်တော့ စိတ်မကောင်းဖြစ်မိတယ်။ နောက် ဆဲဗင်းဇူလိုင်နဲ့ ပတ်သက်ပြီးတော့ ၈၈ ရုံးခန်းထဲဝင်ပြီး ကိုကျော်ကိုကိုတို့ကို ရှာတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။”

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီး အားကောင်းမောင်းသန် ရှေ့ဆက် သွားနိုင်ဖို့အတွက်လည်း ၈၈ မျိုးဆက်က လိုလားပါတယ်လို့ ကိုမြအေးက ဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013