DVB Logo
Home
မြန်မာသတင်း
ရုရှားနိုင်ငံကတာ စစ်ရေးစွမ်းရည်ပြိုင်ပွဲဝင် မြန်မာ့တပ်မတော် Sniper တပ်ဖွဲ့ (ဓာတ်ပုံ)
DVB
·
August 2, 2018
ရုရှားနိုင်ငံကတာ စစ်ရေးစွမ်းရည်ပြိုင်ပွဲဝင် မြန်မာ့တပ်မတော် Sniper တပ်ဖွဲ့ (ဓာတ်ပုံ)
1 / 7
Donate to DVB

ရုရှားနိုင်ငံ၊ မော်စကိုမြို့အနီး အလာဘီနို စစ်ရေးလေ့ကျင့်ကွင်းမှာ ကျင်းပနေတဲ့ နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲ  ဒုတိယနေ့ မြန်မာ့တပ်မတော် Sniper အဖွဲ့ဟာ အဆင့် ၆ နဲ့ ရပ်တည်နိုင်ခဲ့တယ်လို့ မြန်မာစစ်တပ်သတင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ပထမနေ့ပွဲစဉ်တွေအပြီးမှာ  မြန်မာ့ တပ်မတော် Sniper အဖွဲ့က နိုင်ငံတကာ အသင်း ၁၉ သင်းအနက် အဆင့် ၈ နဲ့ ရပ်တည်ခဲ့ရာက အဆင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

ရုရှားနဲ့ တရုတ်အပါအ၀င် ကမ္ဘာ့ စစ်အင်အားကြီးနိုင်ငံတွေက တပ်ဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ စစ်ရေးပြပြိုင်ပွဲမှာ မြန်မာ့တပ်မတော်အနေနဲ့ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ Sniper စွမ်းရည်ပြိုင်ပွဲ နဲ့ ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ သုံးမျိုးမှာ ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင် နေတာဖြစ်ပါတယ်။

၂၀၁၈ နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲကို သီတင်း နှစ်ပတ်ကြာကျင်းပနေရာမှာ  မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က တပ်ဖွဲ့ပေါင်း ၂၀၀ လောက်က ကြည်း၊ ရေ၊ လေ နယ်ပယ်သုံးမျိုးမှာ စစ်ရေးစွမ်းရည် အမျိုးအစား ၂၈ မျိုးကို ယှဉ်ပြိုင်နေကြတာပါ။

ဓာတ်ပုံ-Myanmar Military News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013