DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်ပိုင်း ခိုလမ်မြို့တွင် ဓာတ်ဆီဆိုင်မီးလောင်၍ ဆီပေပါများပေါက်ကွဲ
DVB
·
August 2, 2018
ရှမ်းတောင်ပိုင်း ခိုလမ်မြို့တွင် ဓာတ်ဆီဆိုင်မီးလောင်၍ ဆီပေပါများပေါက်ကွဲ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ဓာတ်ဆီဆိုင် တစ်ဆိုင်မီးလောင်မှုဖြစ်ပွားပြီး ဆီပေပါပေါင်းများစွာ ဆက်တိုက်ပေါက်ကွဲနေပါတယ်။

ခိုလမ်မြို့ ရပ်ကွက် ၂ မြို့စွန် ကိုးမြို့ရှင်နတ်နန်းရှေ့ရှိ  TOP စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် ကလေးတွေ ကျောင်းလွှတ်ချိန် လောက်ကစပြီး မီးလောင်နေရာ မွန်းလွဲ ၁ နာရီကျော်ထိ မငြိမ်းသေးဘဲ ဆီပေပါတွေ တလုံးပြီးတလုံး ပေါက်ကွဲနေသလို ဘေးအိမ်တွေလည်း ကူးစက်လောင်ကျွမ်းနေပြီလို့ မျက်မြင်ဒေသခံ စိုင်းမွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပစ္စည်းတွေကူသယ်ပေးဖို့ ရောက်နေပါတယ်။ မီးက ဘယ်အချိန်စလောင်လဲ တော့ အတိအကျမသိဘူး။ ၁၂ နာရီကျော်ပေါ့၊ ကလေးတွေ နေ့ခင်းကျောင်းလွှတ်ချိန်၊ ဘာကြောင့်လောင်လဲ မသိဘူး။ ဝိုင်ယာရှော့ဖြစ်တယ်လို့လည်း ပြောတယ်။ မီးသတ်ကားက ခုနက ၂ စီးလာတယ်။ ရေကုန်သွားလို့ ရေပြန်သယ်နေပါတယ်။ တပ်မတော်သားတွေရော၊ ရပ်ကွက်ထဲက လူတွေရော ဝိုင်းငြှိမ်းနေတယ်။ မနိုင်ဘူးဗျ၊ ဘေးအိမ် ၂ လုံး ၃ လုံး စကူးနေပြီ၊ ဆီပေပါ ၆ဝ ကျေ်လောင်ပြီလို့ ပြောတယ်။ ”

မီးလောင်ရာ အဆောက်အဦဟာ အိမ်နဲ့ ဓာတ်ဆီဆိုင် တွဲထားတာဖြစ်ပြီး မြေအောက်ခန်းမှာ လှောင်ထားတဲ့ ဆီပေပါတွေရော၊ အိမ်နောက်က ဆီပေပါတွေပါ ပေါက်ကွဲကြောင်း၊ လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ဘေးအိမ်တွေတော့ အနည်းအကျဉ်း ကူးစက်လောင်သွားတယ်လို့ ဆိုပါတယ်။

ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ခိုလမ်မီးသတ်၊ ရဲစခန်းနဲ့ ဒေသအာဏာပိုင်တွေကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

နောက်ဆက်တွဲသတင်းတွေအရ မွန်းလွဲ ၁ နာရီခွဲလောက်မှာ မီးညွှန့်ကျိုးသွားပြီလို့ သိရပါတယ်။

ဓာတ်ပုံ -Mr. Moon On

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013