DVB Logo
Home
မြန်မာသတင်း
ကမမောင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ
DVB
·
August 2, 2018
ကမမောင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ
Donate to DVB

ကရင်ပြည်နယ်၊ ကမမောင်းမြို့ အမှတ် ၁ ရပ်ကွက်ဖြစ်တဲ့ ကော့ကရက်ကျေးရွာနဲ့ လွှစဉ်ကျေးရွာ နှစ်ရွာမှာရေနစ်မြုပ်နေတာ တပတ်ကျော်ကြာနေပြီဖြစ် ကူညီကယ်ဆယ်မှုတွေ မရောက်သေးလို့ ရွာသားတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေပါတယ်။

အဆိုပါရေနစ်မြုပ်နေတဲ့ ကရင်လူမျိုးတွေနေထိုင်တဲ့ရွာမှာ အိမ်ခြေ ၁၂ဝ ရှိပြီး ဗမာလူမျိုးတွေနေထိုင်တဲ့ကျေးရွာမှာတော့ အိမ်ခြေ ၁၇ဝ ရှိပါတယ်။

အဆိုပါကျေးရွာတွေမှာ ရေကြီးနစ်မြုပ်နေတာ ၈ ရက်ရှိပြီဖြစ်ပေမယ့် အကူညီတွေ မရသေးဘူးလို့ ဖပွန်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးတေဇနိယက မိန့်ပါတယ်။

“အကူအညီတွေကတော့ မရဘူးလေ။ ရေစကြီးကတည်းက ဒီမှာ ဆန်တပြည်တခါ လာပေးတယ်။ တခါပဲ။  တအိမ်ထောင်တပြည်၊ အခုဘာမှဆက်မလာဘူး။ ဒီမှာရွာသားတွေ ဒီလိုပဲ ရွာလည်နေတယ်။ ဘယ်မှသွားမတတ်လာမတတ်၊တချို့လည်းတနေ့လုပ်တနေ့စား ဒုက္ခရောက်နေတာပါ့။ ”

ကမမောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစောနေဝင်းကတော့ အမှတ် ၁ ရပ်ကွက်မှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားပေမယ့် ကယ်ဆယ်ရေးစခန်းကို လာနေတဲ့သူမရှိဘူးလို့ ပြောပါတယ်။

“ ကယ်ဆယ်ရေးစခန်းကို စာသင်ကျောင်းမှာဖွင့်ပေးတယ်။ ဖွင့်ပေးတဲ့အခါမှာ သူတို့က အဲဒီကယ်ဆယ်ရေးစခန်းကိုမလာဘဲနဲ့  နီးစပ်ရာအိမ်မှာပဲ နေနေကြတယ်လေ။ ပြီးတော့လည်း နည်းနည်းလေးလှမ်းတာပေါ့နော်။ သွားမယ်ဆိုလို့ရှိရင်လည်းပဲ ရေလမ်းကပဲသွားလို့ရမှာဖြစ်တဲ့ အတွက်  စခန်းထဲမှာ စုစုစည်းစည်းသာလာပြီးတော့နေမယ်ဆိုရင်တော့ ကူညီကယ်ဆယ် ရေး အဖွဲ့က တော်တော်လေးကို အဆင်ပြေအောင်လုပ်ပေးနိုင်မယ့် အနေအထားရှိတောပါ့။ မလာကြပေမယ့်လို့ အန်အယ်ဒီအဖွဲ့က သူတို့ကို ဆန်အိတ်တော့ ပေးလိုက်တယ်။ ဒါပေမယ့်ပြည်မှီ လုံလောက်တဲ့အနေအထားမရှိဘူးပေါ့။  ”

လတ်တလောမှာတော့ ကော့ကရက်ကျေးရွာနဲ့ လွှစဉ်ကျေးရွာအတွက် အလှူရှင်တဦးက ဆန်အိတ် ၆ဝ ကိုလှူဒါန်းထားသလို မြို့အုပ်ချုပ်ရေးအပိုင်းကလည်း သူတို့ကို အားလူ၊ ဆန်၊ဆီ ၊ ဆားတွေ ဝေပေးထားတယ်လို့ ကမမောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာကပြောပါတယ်။

ကမမောင်းမြို့မှာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီးနောက် အခုတခေါက်ရေပြန်ကြီးလာတာဖြစ်ပါတယ်။  

ဒီကနေ့မှာတော့ ရေကျဆင်းသွားပြီဖြစ်ပေမယ့် ရေဘေးကယ်ဆယ်ရေး ကယ်ဆယ်ရေး ယာယီစခန်း ၁ခုမှာ လူပေါင်း ၄၅၀  လောက် ခိုလှုံနေကြဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013