DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်က ရေဘေးသင့်ပြည်သူ ၂၇၀၀၀ကျော် စားနပ်ရိက္ခာလိုအပ်နေ
DVB
·
August 2, 2018
ရွှေကျင်မြို့နယ်က ရေဘေးသင့်ပြည်သူ ၂၇၀၀၀ကျော် စားနပ်ရိက္ခာလိုအပ်နေ
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ မြစ်ရေတက်လာတာ ရက်ကြာလာတာနဲ့ အမျှကယ်ဆယ်ရေးစခန်း ၂၅ ခုက ရေဘေးသင့်ပြည်သူ၂၇၂၆၆ ဦးအတွက်အစားအသောက်နဲ့ ရိက္ခာလိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ကယ်ဆယ်ရေးစခန်းတွေ စဖွင့်တဲ့အချိန် ပထမစာရင်းတွေအရ တိုင်းဒေသကြီးအစိုးရနဲ့ လူကယ်ပြန်ဝန်ကြီးဌာနတို့ ထောက်ပံ့မှုပေးခဲ့ပေမယ့် ရေကပြန်မကျဘဲ ဆက်တက်လာတာ ကြောင့်  ရေဘေးသင့်ပြည်သူတွေ ထပ်ထိုးလာပြီး အရေးပေါ်လိုအပ်မှုတွေ ရှိလာခဲ့ တာလို့ဆိုပါတယ်။

ရပ်နီးရပ်ဝေးကအလှူရှင်တွေ လာရောက်လှူဒါန်းပေးခဲ့ပေမယ့် အခုအချိန်ထိ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်လက်တည်ရှိနေတာကြောင့် ရက်ရှည်လာတာနဲ့အမျှ အစားအသောက်နဲ့ ရိက္ခာလိုအပ်မှုတွေရှိနေရတာလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောက ဒီဗွီဘီ ကိုပြောပါတယ်။

“ဆက်လက်ပြီးတော့လည်း လိုသေးတာပေါ့။ ဘာလို့လည်းဆိုတော့ စိုးရိမ်ရေမှတ်က မကျသေးဘူး။ မကျသေးတဲ့အပေါ်မှာ ရက်ရှည်လာတာနဲ့ အမျှသောက်ရေသန့်ရယ်၊ ရိက္ခာရယ်က အဓိကလိုအပ်လာတယ်။ ရက်တိုဆိုရင်တော့ ကိုယ့်မှာရှိထားတဲ့အရာတွေနဲ့ စားသောက်ရတာ ပြဿနာမရှိပေမယ့် ရက်ရှည်လာတာနဲ့ အမျှထပ်ပြီး  လိုအပ်လာတယ်။”

ဇူလိုင်လ ၂ဝ ရက်ကစလို့ မိုးအဆက်မပျက်ရွာသွန်းခဲ့တဲ့အတွက် စစ်တောင်းမြစ်ရေနဲ့ ရွှေကျင်မြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်လာခဲ့ပြီး  ဇူလိုင် ၂၄ ရက်ကစလို့ ရွှေကျင်မြို့နယ်မှာ ကယ်ဆယ်ရေးစခန်းတွေ စတင်ဖွင့်လာခဲ့တာဆိုရင် ဒီနေ့ သြဂုတ်လ ၂ ရက်အထိ ၁ဝရက်ကြာရှိနေပြီ ဖြစ်ပါတယ်။

ရွှေကျင်မြို့နယ်မှာ သြဂုတ်၂ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း ၂၅ ခုမှာ ရေဘေးသင့်ပြည်သူ ၂၇၂၆၆ ယောက် ခိုလှုံနေရပြီး  စာသင်ကျောင်းပေါင်း ၈ဝ ကျော် ယာယီပိတ်ထားရပါတယ်။

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေအမှတ် ၁ဝ၇ဝ စင်တီမီတာရဲ့အထက် ၁၂၂ဝစင်တီမီတာမှာ ဆက်လက်တည်ရှိနေပြီး ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့စိုးရိမ်ရေမှတ် ၇ဝဝ စင်တီမီတာရဲ့အထက် ၇ဝ၇ စင်တီမီတာမှာဆက်လက်တည်ရှိနေတယ်လို့ သြဂုတ် ၂ ရက် မနက် ၆ နာရီခွဲ အချိန် မိုးဇလကထုတ်ပြန်ထားပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013