DVB Logo
Home
မြန်မာသတင်း
အောင်ရဲထွေး၏အမှု ရုပ်သိမ်းခဲ့သည့်ကိစ္စ အဂတိလိုက်စားမှုရှိမရှိ ဥပဒေနှင့်အညီဆောင်ရွက်မည်
DVB
·
August 2, 2018
အောင်ရဲထွေး၏အမှု ရုပ်သိမ်းခဲ့သည့်ကိစ္စ အဂတိလိုက်စားမှုရှိမရှိ ဥပဒေနှင့်အညီဆောင်ရွက်မည်
Donate to DVB

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့မှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုကော်မရှင်က အစည်းအဝေးထိုင်သွားဖို့ရှိတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

အောင်ရဲထွေးသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေလဲဆိုတာကို မနေ့က ပြည်ထောင်စု လွှတ်တော်အပြီးမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို မီဒီယာတွေက မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

ဦးအောင်ကြည်က “အန်ကယ်တို့ အစည်းအဝေးလုပ်ဖို့လိုပါသေးတယ်။ ဦးဟန်ညွှန့်နဲ့ ပြောထားပြီးသားဖြစ်ပါတယ်”လို့ သတင်းမီဒီယာတွေကို ဖြေကြားခဲ့တာပါ။

သရုပ်ဆောင်အောင်ရဲထွေးအမှုနဲ့ပတ်သတ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို အစည်းဝေးအမြန်ဆုံးထိုင်ပြီး ဆုံးဖြတ်သွား မယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

သရုပ်ဆောင်အောင်ရဲထွေးအမှုကို ရုပ်သိမ်းခဲ့တာနဲ့ပတ်သက်ပြီး သမ္မတက ဇူလိုင် ၃၁ ရက်မနက်က သမ္မတအိမ်တော်မှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့နဲ့တွေ့ဆုံပြီး အမှုရုပ်သိမ်းခြင်းရဲ့နောက်ခံ အကြောင်းရင်းတွေ၊ တခြားဆက်နွှယ်ပတ်သက်တာတွေနဲ့ စပ်လျဉ်းပြီး တိတိကျကျ စိစစ်ကာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။

ကော်မရှင်အဖွဲ့ဝင်ဦးဟန်ညွန့်က “ဘာတွေဆောင်ရွက်မယ်ဆိုတာကို ကျနော်တို့ ကော်မရှင်အစည်းဝေးကို အမြန်ဆုံးလုပ်ပြီး ဆုံးဖြတ်သွားမှာပါ။ ဒီဖြစ်စဉ်ကို ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အညီ လုပ်ဆောင်သွားမှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

သရုပ်ဆောင်အောင်ရဲထွေးအမှုမှာ လူသတ်မှုနဲ့ တရားစွဲခံထားရသူတွေကို အရှေ့ပိုင်းခရိုင်တရားရုံးက အမှုရုပ်သိမ်းခွင့်ပြုပြီး ဇူလိုင်လ၂၅ ရက်နေ့ က ပြန်လွှတ်တာပါ။

ဒီအမှုကို ဆက်လက်စစ်ဆေးဖို့ ပြည်ထောင်စုရှေ့နေချုပ်က တိုင်းဒေသကြီး ဥပဒေချုပ်ထံ ညွန်ကြားထားပြီး  ပြန်လွှတ်ပေးလိုက်တဲ့ ၃ ဦးကို ဇူလိုင် ၃၁ ရက်မှာ သမ္မာန်စာနဲ့ ဆင့်ခေါ်ထားပါတယ်။

သရုပ်ဆောင် အောင်ရဲထွေးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၁ ရက်နေ့ ညက နှစ်သစ်ကူးပါတီပွဲတစ်ခုမှာ ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရပြီး ဇန်နဝါရီလ ၂ ရက်နေ့က ရရှိ ထားတဲ့ ဒဏ်ရာတွေနဲ့သေဆုံးသွားခဲ့ပါတယ်။

အဲဒီနောက် အမှုနဲ့ပတ်သတ်ပြီး သန်းထွဋ်အောင် (ခ) သားကြီး ၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး နဲ့ ကျော်ဇောဟန် (ခ) ကျော်ဇောတို့၃ ဦးက ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

သတင်း - အောင်ကိုကိုလတ်၊ အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013