DVB Logo
Home
မြန်မာသတင်း
သံဃာတော်များ ဦးဆောင်ပြီး ရွှေဝါရောင်ဖောင်ဒေးရှင်းဖွင့်ပွဲ ကျင်းပ
DVB
·
July 23, 2012
သံဃာတော်များ ဦးဆောင်ပြီး ရွှေဝါရောင်ဖောင်ဒေးရှင်းဖွင့်ပွဲ ကျင်းပ
Donate to DVB

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေအတွက် လိုအပ်တာတွေ ထောက်ပံ့ကူညီဖို့ ရည်ရွယ်ပြီး ရွှေဝါရောင်ဖောင်ဒေးရှင်းတခုကို သံဃာတော်တွေ ဦးဆောင်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက် မှာ ဒီနေ့ တည်ထောင် ဖွင့်လှစ်ခဲ့ပါတယ်။

ရွှေဝါရောင် ဖောင်ဒေးရှင်းကို ဆရာတော် ဦးပြည်ကျော်က တာဝန်ခံအဖြစ် ဆောင်ရွက်ပြီး အင်းစိန် ရွာမဆရာတော် ဦးတိလောက၊ ရန်ကင်း မဟာဗောဓိသာသနာ့စာသင်တိုက်က ဆရာတော် ဦးပဏ္ဍိတဘိဝံသ အစရှိတဲ့ ဆရာတော်တွေက ၀န်းရံပေးမှာဖြစ်ပါတယ်။ ရုံးချုပ်ကို ရွှေတောင်ကျောင်းတိုက်မှာ ထားရှိ ဖွင့်လှစ်မယ်လို့ ဦးပြည်ကျော်က ပြောပါတယ်။

ဖောင်ဒေးရှင်းတည်ထောင်ရတဲ့ ရည်ရွက်ချက်ကို တာဝန်ခံ ဆရာတော် ဦးပြည်ကျော်က အခုလို မိန့်ပါတယ်။

“အခုခေတ် ဘုန်းတော်ကြီးသင်ကျောင်းက ထွက်တဲ့သူတွေက ဘွဲ့ရခြင်း မရှိဘဲ မြန်မာစာ ရေးတတ် ဖတ်တတ် အဆင့်လောက်ပဲ။ အရပ်ထဲက အဆက်အသွယ်နဲ့ မွေးစားမယ်ဆိုပြီး ခေါ်သွားပြီး အိမ်ဖော်ဖြစ်သွားတာတွေ တွေ့ရတယ်။ အဲဒါတွေကို ဖြည်ကုတဲ့အနေနဲ့ ဘုန်းတော်ကြီးပညာသင်ကြားရေး ကျောင်းတွေ ကို လိုအပ်တဲ့ ထောက်ပံ့ကြေးတွေ ပေးမယ်။ သင်ကြားရေးမှာလည်း အင်္ဂလိပ်စာဆိုရင် full skill အဆင့်အထိ မီအောင်လို့ ရွှေဝါရောင် သံဃာငယ်လေးတွေထဲက တချို့သံဃာတွေက အိန္ဒိယတို့ ပြင်ပနိုင်ငံတွေမှာ master နဲ့ ကျောင်းပြီးထားတဲ့သူတွေ ဘုန်းကြီးတို့ အဖွဲ့ထဲမှာ အများကြီးရှိတယ်။ ဆရာတွေ လိုအပ်တဲ့ ကျောင်းတွေကို ဒီက ဦးဇင်းတွေ၊ ရဟန်းတော်တွေကို စေလွှတ်ပြီး သင်ကြားရေးမှာ ၀င်ရောက် ကူညီနိုင်မယ်။ အဲလိုမျိုးတွေ ရည်ရွယ်ပြီးတော့ ရွှေဝါရောင် ဖောင်ဒေးရှင်းကို စဖွဲ့တာပေါ့။”

ဘုန်းတော်ကြီးသင်ကျောင်းတွေက ထွက်လာတဲ့ ကလေးတွေကို စာပေနယ်မှာပဲ ဖြစ်ဖြစ်၊ လောကီနယ်ပယ် လို့ခေါ်တဲ့ စီးပွားရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေးပဲဖြစ်ဖြစ် တကယ့်ကို သိရှိနားလည်တဲ့သူတွေဖြစ်အောင် မွေးထုတ်နိုင်ရေးအတွက် ကူညီသွားမယ်လို့ ဆရာတော်က မိန့်ပါတယ်။

မြန်မာဆိုရှယ်လစ်လမ်းစဉ်လက်ထပ်ကတည်းက စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေက သင့်တော်ခြင်း မရှိဘူးဆိုပြီး ဘုန်းတော်ကြီး ပညာသင်ကြားရေးတွေက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာတာကို ပြန်ပြီး အစဖော်တာတည်း ဖြစ်တယ်လို့ မိန့်ပါတယ်။

ဒီနေ့ ဖောင်ဒေးရှင်းဖွင့်ပွဲနဲ့အတူ အလှူငွေပေးအပ်ပွဲလည်း ကျင်းပသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“လောလောဆယ်တော့ ဦးဇင်းတို့မှာ ရန်ပုံငွေ မ တည်တာတော့မရှိဘူး။ ဦးဇင်းတို့ထဲက အလှူရှင်တွေကပဲ. အခု အကျဉ်းကျခံနေတဲ့ ရွှေဝါရောင်ထဲက ပခုက္ကူက ၈ ပါးနဲ့ ဦးခေမာစာရပေါ့။ ၉ ပါးအတွက်ကို ဆရာတော်ကြီးတပါးက အလှူငွေပေးတယ်။ ဦးဇင်းတို့က ဘဏ္ဍာရေးကော်မတီလည်း မဖွဲ့ရသေးတော့၊ ရဟန်းတော်တွေလည်း ဖြစ်တဲ့အတွက် ဒီငွေကြေးတွေကို ကိုင်တွယ်မှာလည်း မဟုတ်ဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013