DVB Logo
Home
မြန်မာသတင်း
လယ်သိမ်းခံ တောင်သူများ နစ်နာကြေးပေးဖို့ လွှတ်တော်တွင် ဆွေးနွေး
DVB
·
July 23, 2012
လယ်သိမ်းခံ တောင်သူများ နစ်နာကြေးပေးဖို့ လွှတ်တော်တွင် ဆွေးနွေး
Donate to DVB

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လယ်သိမ်းခံ တောင်သူတွေအတွက် နစ်နာကြေးပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကြံခိုင်ရေးပါတီ ဇလွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းထားတဲ့ လယ်ယာမြေများ သိမ်းဆီးခံထားရတာတွေကို စုံစမ်းဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှု မရှိစေရေး တရားမျှတစွာ ဖြေရှင်းပေးရန် အဆိုကို လွှတ်တော်ကိုယ်စလှယ် ၁၀ ဦးက ဆွေးနွေးကြပါတယ်။

လယ်သမားတွေဟာ ဘ၀တွေပျက်တဲ့အထိ နစ်နာဆုံရှုံးခဲ့ရတယ်လို့ ဒီနေ့လွှတ်တော်မှာ ကိုယ်တိုင် ဆွေးနွေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးဖေသန်းက အခုလို ရှင်းပြပါတယ်။

“လယ်သမားတွေက နှစ်ပေါင်းများစွာ အနစ်နာခံယုံတင် မကဘူး ဘ၀ပါ ပျက်နေပြီ။ ဒါတွေကို ဘယ်လို ကုစားမလဲ။ သူတို့က အဲဒီပိုင်ဆိုင်မှုတွေက လျော်ကြေးပေးတယ် ဆိုတာကလည်း မဖြစ်စလောက်လေး ပေးပြီး ကုမ္ပဏီတွေက သူတို့ လုပ်နိုင်တယ်ဆိုပြီး အစိုးရနဲ့ပူးပေါင်းပြီး လုပ်ကြတယ်။ တပ်မြေတွေ သိမ်းတယ်။ စက်မှုဇုန်လုပ်တယ်။ ရေနက်ကွင်းတို့၊ စိုက်ခင်းတို့ အဲဒါမျိုးတွေ လုပ်တယ်။ လုပ်ငန်းရှင်တွေက လုပ်တယ်။ အဲဒါကို လယ်သမားတွေဆီက လယ်မြေတွေ မရတော့ နည်းမျိုးစုံနဲ့ လယ်သမားတွေဆီက အကျိုးတူ ပူးပေါင်းဆောင်ရွက်တာတို့ လုပ်ပြီးတော့ လယ်သမားတွေကို ပြန်ကိုင်ထားတယ်။ အဲဒါကြောင့် လယ်သမားတွေကို လျော်ကြေးပေးမယ်ဆိုရင် သူ့ကာလ ပေါက်ဈေးနဲ့ ပေးနိုင်မှ အမှန်တရားရှိမယ်။ အဲဒါတောင် လယ်သမားတွေက ကျေနပ်မှ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူကမှ လာပြီး ပိုင်ဆိုင်ပါလို့ မပြောဘူးဗျ။ ခေတ်အဆက်ဆက် ဒီလိုပဲ ခံခဲ့ရတယ်။ ကိုယ့်လယ်ကိုယ် ထွန်ယက်ရင်း ထောင်ထဲ ၀င်ခဲ့ရတဲ့အဖြစ်မျိုး။ အခုခေတ်မှာလည်း ငွေနဲ့ရှင်းထားတဲ့ လမ်းပေါ်မှာ လယ်သမားတွေက တဲပေါ်က နည်းမျိုးစုံနဲ့ ဆွဲချခံရတဲ့ အဖြစ်မျိုး။”

လွှတ်တော်မှာ မြေယာသိမ်းဆည်းထားလို့ လယ်သမားတွေနဲ့ ပြဿနာ တက်နေတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ် ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေလည်း ပါဝင် ဆွေးနွေးခဲ့ပါတယ်။

ဇေကမ္ဘာကုမဏီပိုင်ရှင် ဦးခင်ရွှေက လယ်ယာမြေတွေကို မတရားသိမ်းတာ မဟုတ်ဘဲ လျော်ကြေးပေးပြီး ယူထားတာဖြစ်တဲ့အတွက် အပြစ်မရှိဘူးလို့ လျှောက်လဲသွားတာကို ဦးဖေသန်းက အခုလို ချေပပြောပါတယ်။

“အဲဒီတုန်းက အထောက်အထားတွေက ပိုက်ဆံရှိရင် ရတာပဲလို့။ အဲဒီ အထောက်အထားတွေနဲ့ မူတည်ပြီး ဖြေရှင်းလို့ရရင် ကျနော်တို့ လွှတ်တော်ကြီးကလည်း အတူတူနဲ့ အနူနူ ဖြစ်မှာပဲလို့။ အဲဒါက ပိုက်ဆံရှိရင် ရတယ်ဆိုတာ တတိုင်းပြည်လုံး အကုန်လုံး သိကြပါတယ်လို့ ပြောလိုက်တယ်ဗျ။”

ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ဦးတင်ထွဋ်ကနေ စစ်တပ်တွေ တိုးချဲ့ဖို့အတွက် မြေသိမ်းခံရတာတွေ၊ မြို့ရွာဖွံဖြိုးဖို့အတွက် အိုးအိမ်နဲ့ စည်ပင်သာယာကနေ တောင်သူတွေပိုင် စိုက်ပျိုးမြေတွေကို သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး နစ်နာတာတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ပေးဖို့ ကော်မရှင်တခု ဖွဲ့စည်းဖို့ လိုအပ်နေပြီလို့ လွှတ်တော်ကိုယ်စာလှယ်တွေက ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013