DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 1, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၁,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၃,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး တအိတ်ကို ၁,၅၀၀  ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၇,၆၅၀     ပေါက်ဈေးရှိပြီး တအိတ်ကို ၈၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ငွေကျပ် ၄၅,၅၀၀ ကျပ်ကနေ ငွေကျပ် ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၆၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စွန်တာပဲက ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၇၃,၇၀၀ ကျပ်ကနေ ငွေကျပ် ၇၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စွန်တာပဲ ရိုးရိုးက တအိတ်ကို ၆၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ၁၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၅၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၄၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ အောင်လံ ကုန်စည်ဒိုင် တအိတ်ကို ၇,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက်က တအိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၅၀,၀၀၀ ပေါက်ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၃၅,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၀,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁,၇၁၀ ကျပ်ကနေ ၁,၇၂၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၃၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၃၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းနက်(စမုံ)ကတော့ ဈေးကျဆင်းသွားပါတယ်။ နယ်ကုန်စည်ဒိုင်အချို့မှာ ပစ္စည်းပြတ်သွားပြီး အရောင်းအဝယ် မရှိသလောက် ဖြစ်သွားပြီး အချို့နယ်တွေမှာတော့ တရုတ်ဘက်က အဝယ်နည်းသွားတဲ့အတွက် ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ တလလုံး ဈေးဆက်တိုက်တက်ခဲ့ပြီး တလအတွင်း တအိတ်ကို ၁၀,၀၀၀ ကျပ်လောက် ဈေးတက်လာခဲ့ပါတယ်။

ဇွန်လကတည်းက အကျဈေးနဲ့ ဈေးငြိမ်နေခဲ့တဲ့ စားအုန်းဆီက ဒီရက်ပိုင်းမှာ ဈေးတက်လာခဲ့ပါတယ်။ ငွေကြေးတန်ဖိုး မြင့်လာတဲ့အတွက် ဈေးတက်လာတယ်လို့လည်း သိရပါတယ်။ ရက်ပိုင်းအတွင်း တပိဿာကို ၅၀ ကျပ်လောက် ဈေးတက်လာပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013