DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ရေ ကျဆင်းချိန် မြေကမ်းပါးပြိုမှု​များ သတိပြုရန်လို
DVB
·
August 1, 2018
သံလွင်မြစ်ရေ ကျဆင်းချိန် မြေကမ်းပါးပြိုမှု​များ သတိပြုရန်လို
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေ ဆက်လက်ကျဆင်းနေတဲ့အတွက် မြစ်ကမ်းပါးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ မြစ်​ကမ်းပါးပြိုမှုနဲ့မြေပြိုမှုတွေကို အထူး သတိပြုနေထိုင်ဖို့ ပြည်​နယ်မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် မိုးလေ၀သနှင့်ဇလဗေဒ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို က “သံလွင်မြစ်ရေဟာ ဆက်လက်ကျဆင်းနေတယ်။ ဒါပေမယ့် စိုးရိမ်ရေအမှတ် အထက်​မှာပဲ ရှိနေမယ်။ ရေပြန်လည်ကျဆင်းချိန်မှာ မြစ်ကမ်းပါး ပြိုမှုနဲ့မြေပြိုမှုတွေ ပိုမိုဖြစ်တတ်တဲ့အတွက် မြစ်ကမ်းပါးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိထားရမှာဖြစ်​သလို မုတ်သုန်လေ က အား အလွန်ကောင်းနေတဲ့အတွက် ကရင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်လို့ တောင်ပေါ်ဒေသတွေမှာ လည်း တောင်ပြို မြေပြိုတာတွေဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

ဒီမနက် ၈ နာရီခွဲအချိန် တိုင်ထွာချက်အရ သံလွင်မြစ်ရေဟာ ၉၂၅ စင်တီမီတာကို ပြန်လည်ရောက်ရှိနေပြီး နောက် နှစ်ရက်အတွင်း ၂ ပေခန့် ဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့် မှန်းထားပြီး ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာ အထက်မှာ ဆက်လက်တည်ရှိနေမှာပါ။

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင် လယ်​​ပြင်မှာ မုတ်သုန်လေအား အလွန်ကောင်းနေတဲ့အတွက် နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့လည်း မိုးဇလ ဌာနက သတင်းထုတ် ထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013