သံလွင်မြစ်ရေ တိုက်စားသဖြင့် စေတီ ၁ ဆူနှင့် ဘုရားရင်ပြင် ပြိုကျ ရေထဲမျောပါ
DVB
·
August 1, 2018

သံလွင်မြစ်ရေတိုက်စားလို့ ဘားအံမြို့နယ်က စေတီတဆူနဲ့ ဘုရားရင်ပြင်တခုလုံး ပြိုကျပြီး ရေထဲ မျောပါသွားခဲ့ပါတယ်။
ဇူလိုင် ၃၁ ရက်နေ့ နေ့လယ်က ဘားအံမြို့နယ်၊ တရုတ်လှရွာကို သံလွင်မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဒါကြောင့် ဉာဏ်တော်အမြင့် ၁၅ တောင်ရှိတဲ့ တရုတ်လှကျွန်းစေတီနဲ့ အရန်စေတီ ၉ ဆူအပါအဝင် ဘုရားရင်ပြင်တခုလုံး ပြိုကျမျောပါသွားတာပါ။
ပြီးတော့ ဂျိုင်းမြစ်ရေ မြင့်တက်လာလို့ ဘားအံမြို့နယ် ခရားအတွင်းရွာမှာလည်း ရေ ၅ ပေလောက်အထိ ဝင်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး