DVB Logo
Home
မြန်မာသတင်း
မြန်​မာ​မေ​ကောင်း သစ်​အ​ချောထည်​စက်ရုံ အလုပ်သမားများဆန္ဒပြ
DVB
·
August 1, 2018
မြန်​မာ​မေ​ကောင်း သစ်​အ​ချောထည်​စက်ရုံ အလုပ်သမားများဆန္ဒပြ
Donate to DVB

မန္တ​လေးတိုင်း၊ ပြည်​ကြီးတံခွန်​မြို့်နယ်၊ အ​နော်ရထာလမ်းနဲ့ မင်းကြီးရန်​​နောင်​လမ်းရှိ မြန်​မာ​မေ​ကောင်း သစ်​အ​ချောထည်​စက်ရုံက အလုပ်​သမားသမား ၃၀​ကျော်​ဟာ ဒီမနက် အလုပ်သမားရပိုင်ခွင့်တွေအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြန်​မာ​မေ​ကောင်းစက်ရုံက အလုပ်​သမား​တွေဟာ ကျွမ်းကျင်​စရိတ်​ရရှိ​ရေး၊ လုံ​လောက်​​တဲ့ လေဝင်​​လေထွက်​​ကောင်းမွန်​​ရေး၊ အလုပ်​သမားများနား​နေ​ဆောင်​ထားရှိ​ရေး၊ စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ခွဲခြားမဆက်ဆံရေး စတဲ့အချက်​ ၁၀ ချက်​ကို ​တောင်းဆို ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။

စက်ရုံ အလုပ်သမား သမဂ္ဂအတွင်း​ရေးမှူး မတိုးတိုး​အေးက​ “ကျမတို့အလုပ်​သမား​တွေက အလုပ်​ရှင်​နဲ့ ၂၀၁၄ခုနှစ်​ကတည်းက စပြီးညှိနှိုင်းခဲ့တာ ခုအချိန်​အထိမ​ပြေလည်​ခဲ့ဘူး။ ဒါ​ကြောင့် ကျမတို့က​တောင်းဆိုချက်​​တွေ မရမချင်း ဆန္ဒထုတ်​​ဖော်သွားမှာပါ။ ကျမတို့အ​နေနဲ့ ရက်​မှန်​​ကြေးနဲ့ နှစ်​တိုး​ကြေး​တွေကို ၂၀၁၇ ခုနှစ်​ကတည်းက မ​ပေးခဲ့ဘူး။ အဲဒါတွေလည်း ပြန်​လိုချင်​တယ်​။ ​သောက်​​ရေဆိုရင်​လည်း ဗွိုင်​လာသုံးပြီးသား​ ရေ​တွေကို ​သောက်​ရတယ်​။ သန့်​ရှင်းတဲ့​ သောက်​သုံး​ရေမဟုတ်​ဘူး။ တခါ​လေတော့လည်း​ ရေ​တွေကအရမ်း​နံ​နေတာ​ကြောင့် ​သောက်​သုံး​ရေကို သန့်​ရှင်းတဲ့​ သောက်​သုံး​ရေရချင်​တယ်​”လို့ ပြောပါတယ်​။

ကျန်းမာ​ရေနဲ့ မညီညွတ်​တဲ့ မိုတက်​​နေတဲ့ ကုန်​ကြမ်း​တွေကို ကိုင်တွယ် လုပ်ကိုင်နေရတာ​ကြောင့် ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု ရချင်တယ်၊ ​ဆေးပေးခန်းနဲ့ ကျန်းမာ​ရေးမှူး ထားရှိ​ပေးဖို့ ​တောင်းဆိုရတာလို့ လည်း ဆန္ဒပြအလုပ်သမား မခိုင်​ဇူးထက်​က​ပြောပါတယ်​။

မြန်​မာ​မေ​ကောင်း​ သစ်​အ​ချောထည် စက်ရုံဟာ အလုပ်​သမား ၁၀၀နီးပါးနဲ့ လည်​ပတ်​​နေတဲ့စက်ရုံဖြစ်​ပြီး   အလုပ်သမားတွေ ခုလို ဆန္ဒပြတာနဲ့ ပတ်သက်ပြီး စက်ရုံ တာဝန်​ရှိသူတွေကိုတော့ ဆက်​သွယ်​​မေးမြန်းလို့ မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013