DVB Logo
Home
မြန်မာသတင်း
သံလွင်တံတားကို ၆ ဘီးကားများဖြတ်သန်းသွားနိုင်၊ ယာဉ်ငယ်များဖြတ်သန်း မရသေး
DVB
·
August 1, 2018
သံလွင်တံတားကို ၆ ဘီးကားများဖြတ်သန်းသွားနိုင်၊ ယာဉ်ငယ်များဖြတ်သန်း မရသေး
Donate to DVB

သံလွင်မြစ်ရေ ရေလျော့ကျတဲ့အတွက်  ၆ ဘီးယာဉ်နဲ့အထက် ယာဉ်တွေ သံလွင်တံတားကို ဖြတ်သန်း သွားလာနိုင်ပြီလို့ ကရင်ပြည်နယ် လမ်းဦးစီးဌာနက အသိပေး ကြေညာထားပါတယ်။

သံလွင်တံတား ချဉ်းကပ်လမ်းနှစ်ဘက် ရေကျော်နေတဲ့ နေရာမှာ ရေအနည်းငယ် လျော့ကျနေပြီး ၆ ဘီးယာဉ်နဲ့အထက် ယာဉ်ကြီးတွေ ဖြတ်သန်းသွားလာနိုင်ပေမယ့် ယာဉ်ငယ်တွေကတော့ ဖြတ်သန်း မရနိုင်သေးဘူးလို့ ဆိုပါတယ်။

ဇူလိုင်၂၂ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက် ကရင်ပြည်နယ်အတွင်းက မြို့နယ်တွေ အားလုံးလိုလိုမှာ ရေကြီးမှုနဲ့ ကြုံတွေ့နေရပြီး ထောင်သောင်းချီတဲ့ ဒေသခံတွေ ရေဘေးဒုက္ခခံစားနေကြရတာပါ။

ဇူလိုင် ၃၁ ရက်နေ့ထိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြ၀တီ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေက ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၄၀ မှာ အိမ်ထောင်စု ၂၆၀၀ ကျော်၊ လူဦးရေ ၁၃,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိခိုလှုံနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013