DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် လယ်သမားများ ဆန်စပါးအသင်းချုပ်ကို ဆက်သွယ်အကူအညီတောင်းခံနိုင်
DVB
·
August 1, 2018
ရေဘေးသင့် လယ်သမားများ ဆန်စပါးအသင်းချုပ်ကို ဆက်သွယ်အကူအညီတောင်းခံနိုင်
Donate to DVB

ရေကြီးနစ်မြုပ် ပျက်စီးမှုသွားတဲ့ လယ်မြေတွေ အချိန်မီ စပါးပြန်လည် စိုက်ပျိုးနိုင်ဖို့ အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကူညီပေးသွားမယ်လို့ ဇူလိုင် ၃၁ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆန်စပါးစိုက်ပျိုးရာဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်း မြစ်ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတာကြောင့် စပါးစိုက်တဲ့ လယ်မြေတွေလည်း ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့နေရတာပါ။

ထိခိုက်ပျက်စီးခဲ့တဲ့ လယ်မြေတွေမှာ စပါးတွေအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနဲ့ စပါး အထွက်နှုန်းမထိခိုက်စေရေးအတွက် ဆန်စပါးအသင်းချုပ်က အစိုးရ၊ ဌာနဆိုင်ရာနဲ့ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကူညီနိုင်မယ့် နည်းလမ်းတွေ ညှိနှိုင်းဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

ထိခိုက် ဆုံးရှုံးမှုတွေကြုံတွေ့ရတဲ့ တောင်သူတွေအတွက် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတွေနဲ့ အညီ စနစ်တကျ စိစစ်ပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီပေးနိုင်ဖို့လည်း ဆန်စပါးအသင်းချုပ်က  အစိုးရကို အကြံပြု တိုက်တွန်း လိုက်ပါတယ်။

ရေဘေးသင့် လယ်သမားတွေအတွက် ပညာပေးဆွေးနွေးတာ၊ မျိုးနဲ့ သွင်းအားစု ဓာတ်မြေသြဇာများရရှိရေးနဲ့ လယ်မြေများ ထွန်ယက်ရေး လုပ်ငန်း ပူးပေါင်း ကူညီဆောင်ရွက် ပေးသွားမယ်၊ တောင်သူလယ်သမားတွေ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်း  ဝ၁-၂၁၈၂၆၆-၆၈၊ ဝ၁-၂၃ဝ၁၁၂၈-၂၉ ကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013