DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီဥပဒေသစ်ကို သြဂုတ် ၁ ရက်နေ့ အွန်လိုင်းစနစ်ဖြင့် စတင်ကျင့်သုံးမည်
DVB
·
July 31, 2018
ကုမ္ပဏီဥပဒေသစ်ကို သြဂုတ် ၁ ရက်နေ့ အွန်လိုင်းစနစ်ဖြင့် စတင်ကျင့်သုံးမည်
Donate to DVB

မြန်မာနိုင်ငံမှာ ကုမ္ပဏီဥပဒေသစ်ကို သြဂုတ် ၁ ရက်မှာ အွန်လိုင်းစနစ်နဲ့ စကျင့်သုံးမှာဖြစ်တဲ့အပြင် စာရွက်စာတမ်းတွေကို ရုံးမှာ အထောက်အထားတင်ပြစရာမလိုဘဲ အွန်လိုင်းကနေ ရာနှုန်းပြည့်ဆောင်ရွက်နိုင်တော့မယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနက  ထုတ်ပြန်ပါတယ်။

ငွေပေးချေမှုစနစ်တွေအားလုံးကို ငွေပေးချေဖို့အတွက် MPU ကတ်က တဆင့် ပေးချေရမှာ ဖြစ်ပြီး အစိုးရက ပြန်လည်ပေးအပ်မယ့် လိုင်စင်အထောက်အထားတွေကိုလည်း အွန်လိုင်းကနေပဲ ပေးအပ်တော့မှာပါ။

ကုမ္ပဏီထူထောင်မှုအပြင် နောက်ဆက်တွဲကုမ္ပဏီအနေနဲ့ လုပ်ငန်းတိုးချဲ့မှုတွေ၊ ရှယ်ယာလွဲပြောင်းမှုတွေ၊ အများပိုင်ကုမ္ပဏီရှယ်ယာ ရောင်းချမှုတွေအားလုံးကို အွန်လိုင်းကပဲ ဆောင်ရွက်ရမှာဖြစ်တာကြောင့် အစိုးရဌာနကို လုံးဝလာရောက်စရာမလိုတော့ပါဘူးလို့ ဆိုပါတယ်။

ကုမ္ပဏီဆိုင်ရာအချက်အလက်တွေအားလုံးကို Myco ၀က်ဘ်ဆိုက် www.myco.dica.gov.mm မှာ ထိန်းသိမ်းထားမှာ ဖြစ်ပြီးတော့ အများပြည်သူကိုသိသင့်တဲ့ အချက်အလက်တွေအားလုံးကို လေ့လာနိုင်တယ်လို့ ဆိုပါတယ်။

အွန်လိုင်းကနေ ကုမ္ပဏီဆိုင်ရာလုပ်ငန်းတွေကို မဆောင်ရွက်တတ်သူတွေအနေနဲ့ အစိုးရဌာနမှာ လာရောက်ပြီး ဆောင်ရွက်မယ်ဆိုရင် ကူညီဆောင်ရွက်ပေးမယ့် ကျွမ်းကျင်ဝန်ထမ်းတွေ အတွက် ၀န်ဆောင်ခ  ကျပ် ၅၀၀၀၀ ပေးဆောင်ရမှာပါ။

ဈေးကွက်စီးပွားရေးအတွက် အဓိကကျတဲ့ ကုမ္ပဏီလုပ်ငန်းဆိုင်ရာတွေကို အွန်လိုင်းမှာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်တဲ့ အစိုးရ၀န်ဆောင်မှုဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013