DVB Logo
Home
မြန်မာသတင်း
အောင်ရဲထွေး အမှု ရုပ်သိမ်းခဲ့သည့်ကိစ္စ မှန်မှန်ကန်ကန် စိစစ်ဆောင်ရွက်ရန် သမ္မတ ညွန်ကြား
DVB
·
July 31, 2018
အောင်ရဲထွေး အမှု ရုပ်သိမ်းခဲ့သည့်ကိစ္စ မှန်မှန်ကန်ကန် စိစစ်ဆောင်ရွက်ရန် သမ္မတ ညွန်ကြား
Donate to DVB

သရုပ်ဆောင် အောင်ရဲထွေးအမှုကို ရုပ်သိမ်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျ စိစစ်ကာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့  နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်၊ ရှေ့နေချုပ်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့ကို တွေ့ဆုံ ညွန်ကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ ဇူလိုင် ၃၁ ရက် မနက် ၁၀ နာရီက နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ အဆိုပါပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး အမှုရုပ်သိမ်းခြင်းရဲ့ နောက်ခံအကြောင်းရင်းတွေ၊ အခြား ဆက်နွှယ်ပတ်သက်မှုတွေနဲ့ စပ်လျဉ်းပြီး တိတိကျကျ စိစစ်ကာ ဥပဒေနဲ့ အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားခဲ့တာလို့ သမ္မတရုံး ပြောခွင့်ရ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။

လူမှုကွန်ရက်မှာ ဟာသဗွီဒီယိုတွေနဲ့ လူသိများတဲ့ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူတွေကို စွဲချက်မတင်မီ လွှတ်မိန့်ချမှတ်ထားတာ ပယ်ဖျက်ပြီး အမှုဆက်စစ်ဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဥပဒေချုပ်ကို ညွှန်ကြားထားပါတယ်။

အောင်ရဲထွေး သေဆုံးတာနဲ့ ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က) အရ အမှုကို ရုပ်သိမ်းခွင့်ပြုခဲ့တဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးရဲ့ အမိန့်ချမှတ်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကရော၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်မှာ  ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ထားပါတယ်။

အာင်ရဲထွေးဟာ ဇန်နဝါရီ ၁ ရက်က ပါတီပွဲတခုမှာ လူအုပ်စုရဲ့ ရိုက်နှက်ခံရပြီးနောက် သေဆုံးခဲ့ပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ ၃ ဦးကို လူသတ်မှု ပုဒ်မ ၃ဝ၂ နဲ့ တရားစွဲဆိုခဲ့တာပါ။ ဒီနောက် တရားလိုဘက်က အမှုကို ကျေအေးလိုက်တဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးက အမှုရုပ်သိမ်းကာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013